• Follow Us on
Latest News

Home ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦး၀င္းျမင့္တို႔ ပါတီစည္း႐ုံးေရးလုပ္ငန္းမ်ားစတင္ေဆာင္ရြက္မည့္ NLD ၏ ေၾက ညာခ်က္ အျခားႏိုင္ငံေရးပါတီမ်ားအတြက္ တရားမွ်တမႈမရွိေၾကာင္း တိုင္းရင္းသားပါတီမ်ားေျပာ

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦး၀င္းျမင့္တို႔ ပါတီစည္း႐ုံးေရးလုပ္ငန္းမ်ားစတင္ေဆာင္ရြက္မည့္ NLD ၏ ေၾက ညာခ်က္ အျခားႏိုင္ငံေရးပါတီမ်ားအတြက္ တရားမွ်တမႈမရွိေၾကာင္း တိုင္းရင္းသားပါတီမ်ားေျပာ

Share this post

ရန္ကုန္၊ ဇြန္ ၃

NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္(ႏိုင္ငံေတာ္အတိုင္ပင္ခံ)ႏွင့္ ဒုတိယဥကၠ႒(၁)ဦး၀င္းျမင့္(သမၼတ)တို႔ ပါတီစည္း႐ုံးေရးလုပ္ငန္းမ်ားႏွင့္ နယ္ေျမစည္းရံုးေရးလုပ္ငန္းမ်ားကို စတင္ေဆာင္ရြက္ေတာ့မည္ျဖစ္ေၾကာင္း ယခုလ ၂ ရက္က NLD ပါတီမွ ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီး ယင္းထုတ္ျပန္ခ်က္သည္ အျခားႏိုင္ငံေရးပါတီမ်ား အတြက္မွ်တမႈမရွိေၾကာင္း တိုင္းရင္းသားပါတီမ်ားမွ People Media သို႔ေျပာသည္။

ယင္းေၾကညာခ်က္ႏွင့္ပတ္သက္ၿပီး ဖက္ဒရယ္ျပည္ေထာင္စုပါတီဥကၠ႒ ဦးေစာသန္းျမင့္က အျခားပါတီမ်ားအား လူ ၅ ဦးထက္ ပိုမိုမစုေ၀းေစပဲ NLD ပါတီမွ စည္း႐ုံးေရးလုပ္ငန္းမ်ားေဆာင္ရြက္မည္ျဖစ္ေၾကာင္း ေၾကညာျခင္း သည္ မွ်တမႈမရွိေၾကာင္းေျပာသည္။

“ဘယ္ေလာက္ပဲအမိန္႔ုထုတ္သည္ျဖစ္ေစ မထုတ္သည္ျဖစ္ေစ။ သူတို႔လုပ္ပိုင္ခြင့္ရွိေနေတာ့လုပ္ၾကမယ္ထင္တာ ပဲေလ။ သူမ်ားကိုေတာ့ေျပာတာေပါ့ က်န္တဲ့ပါတီေတြၾကေတာ့ ၅ ေယာက္ထက္မစုရလုပ္ၿပီးေတာ့ သူတို႔က ေတာ့ ႀကိဳက္သလိုလုပ္တယ္ဆိုေတာ့ ဒါတရားမွ်တမႈရွိတယ္မရွိဘူးဆိုတာ သူတို႔ဟာ သူတို႔အသိဆံုးျဖစ္မယ္ ထင္တယ္”ဟု ဦးေစာသန္းျမင့္ကေျပာသည္။

NLD အစိုးရအေနျဖင့္ မည္သို႔ပင္စိတ္ႀကိဳက္လုပ္ေဆာင္သည္ျဖစ္ေစ ေရြးေကာက္ပြဲတြင္ ျပည္သူ႔ဆႏၵမဲသာ အဓိကျဖစ္ေၾကာင္းလည္း ဦးေစာသန္းျမင့္ကေျပာသည္။

“ဘယ္လိုပဲျဖစ္ျဖစ္ျပည္သူေတြကေတာ့ သူတို႔ကို အကုန္လံုးနားလည္ေနၿပီဆိုတာ သူတို႔ကို သိေစခ်င္တာ ေပါ့ေနာ္။ ႀကိဳက္သလိုပဲ ႀကိဳက္တဲ့အာဏာနဲ႔ ႀကိဳက္တဲ့ပါဝါနဲ႔ ႀကိဳက္သလိုပဲ ေရြးေကာက္ပြဲေကာ္မရွင္က ဘယ္ ေလာက္ပဲ ေဖးကူပဲေပးေပး ျပည္သူေတြရဲ႕ဆႏၵက အဓိကျဖစ္တယ္။ နမူနာေျပာရမယ္ဆိုရင္ ၿပီးခဲ့တဲ့အစိုးရ လက္ထက္ကလည္း ဒီအတိုင္းပဲလုပ္ခဲ့တာေလ။ ဒါေပမယ့္ ျပည္သူေတြရဲ႕ဆႏၵက ဘယ္သူ႔ကိုမဲေပးမယ္ဆိုတာ ဆံုးျဖတ္ထားၿပီးျဖစ္တယ္။ အဲဒီေတာ့အခုအစိုးရလည္းႀကိဳက္တာလုပ္။ ျပည္သူေတြကလည္း ျပည္သူကေတာ့ ရင္ထဲမွာဆံုးျဖတ္ထားၿပီးသားရွိမယ္လို႔ယံုၾကည္တယ္”ဟု ဖက္ဒရယ္ျပည္ေထာင္စုပါတီဥကၠ႒ဦးေစာသန္း ျမင့္ကေျပာသည္။

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီမွ ဒုတိယဥကၠ႒ ဦးစိုင္းၫြန္႔လြင္က NLD ပါတီ၏ ေၾက ညာခ်က္သည္ ႏိုင္ငံေရးပါတီမ်ားအတြက္ မမွ်တေၾကာင္းႏွင့္ အစိုးရျဖစ္သည့္တြက္ လက္ဦးမႈယူျခင္းသည္ ေကာင္းသည့္အစဥ္အလာမဟုတ္ေၾကာင္းေျပာသည္။

“တစ္ခုေတာ့ရွိတာေပါ့ဗ်ာ။ အစိုးရဆိုတာ သူ႔အတြက္လက္ဦးမႈယူတာႀကီးပဲ။ အဲဒီအစဥ္အလာလဲေကာင္းတဲ့ အစဥ္ လာမဟုတ္ဘူးဗ်။ ဘယ္သူပဲျဖစ္ျဖစ္ ငါအစိုးရျဖစ္တဲ့အတြက္ လက္ဦးမႈယူမယ္။ တစ္ျခားလည္း အသာစီး ယူမယ္ဆိုရင္ေတာ့ အဲဒီစိတ္ေစတနာမ်ိဳးနဲ႔ဆိုရင္ ႏိုင္ငံေတာ့္အတြက္အရမ္းခက္ခဲတယ္”ဟု ဦးစိုင္းၫြန္႔လြင္က ေျပာသည္။

NLD ပါတီဥကၠ႒ေဒၚေအာင္ဆန္းစုၾကည္(ႏိုင္ငံေတာ္အတိုင္ပင္ခံ)ႏွင့္ ဒုတိယဥကၠ႒(၁) ဦး၀င္းျမင့္(သမၼတ)တို႔ ပါတီစည္းရံုးေရးလုပ္ငန္းမ်ားႏွင့္ နယ္ေျမစည္းရံုးေရးလုပ္ငန္းမ်ားကို စတင္ေဆာင္ရြက္မည့္ေၾကညာခ်က္ႏွင့္ ပတ္သက္ၿပီး အျခားႏိုင္ငံေရးပါတီမ်ားမွလည္း NLD ပါတီအေပၚေ၀ဖန္ေျပာဆိုမႈမ်ားရွိေနသည္။

#PeopleMedia

(unicode)
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေးလုပ်ငန်းများစတင်ဆောင်ရွက်မည့် NLD ၏ ကြေ ညာချက် အခြားနိုင်ငံရေးပါတီများအတွက် တရားမျှတမှုမရှိကြောင်း တိုင်းရင်းသားပါတီများပြော
……………………………………………………

ရန်ကုန်၊ ဇွန် ၃

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်အတိုင်ပင်ခံ)နှင့် ဒုတိယဥက္ကဋ္ဌ(၁)ဦးဝင်းမြင့်(သမ္မတ)တို့ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ယခုလ ၂ ရက်က NLD ပါတီမှ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်သည် အခြားနိုင်ငံရေးပါတီများ အတွက်မျှတမှုမရှိကြောင်း တိုင်းရင်းသားပါတီများမှ People Media သို့ပြောသည်။

ယင်းကြေညာချက်နှင့်ပတ်သက်ပြီး ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်က အခြားပါတီများအား လူ ၅ ဦးထက် ပိုမိုမစုဝေးစေပဲ NLD ပါတီမှ စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခြင်း သည် မျှတမှုမရှိကြောင်းပြောသည်။

“ဘယ်လောက်ပဲအမိန့်ုထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ။ သူတို့လုပ်ပိုင်ခွင့်ရှိနေတော့လုပ်ကြမယ်ထင်တာ ပဲလေ။ သူများကိုတော့ပြောတာပေါ့ ကျန်တဲ့ပါတီတွေကြတော့ ၅ ယောက်ထက်မစုရလုပ်ပြီးတော့ သူတို့က တော့ ကြိုက်သလိုလုပ်တယ်ဆိုတော့ ဒါတရားမျှတမှုရှိတယ်မရှိဘူးဆိုတာ သူတို့ဟာ သူတို့အသိဆုံးဖြစ်မယ် ထင်တယ်”ဟု ဦးစောသန်းမြင့်ကပြောသည်။

NLD အစိုးရအနေဖြင့် မည်သို့ပင်စိတ်ကြိုက်လုပ်ဆောင်သည်ဖြစ်စေ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲသာ အဓိကဖြစ်ကြောင်းလည်း ဦးစောသန်းမြင့်ကပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူတွေကတော့ သူတို့ကို အကုန်လုံးနားလည်နေပြီဆိုတာ သူတို့ကို သိစေချင်တာ ပေါ့နော်။ ကြိုက်သလိုပဲ ကြိုက်တဲ့အာဏာနဲ့ ကြိုက်တဲ့ပါဝါနဲ့ ကြိုက်သလိုပဲ ရွေးကောက်ပွဲကော်မရှင်က ဘယ် လောက်ပဲ ဖေးကူပဲပေးပေး ပြည်သူတွေရဲ့ဆန္ဒက အဓိကဖြစ်တယ်။ နမူနာပြောရမယ်ဆိုရင် ပြီးခဲ့တဲ့အစိုးရ လက်ထက်ကလည်း ဒီအတိုင်းပဲလုပ်ခဲ့တာလေ။ ဒါပေမယ့် ပြည်သူတွေရဲ့ဆန္ဒက ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ ဆုံးဖြတ်ထားပြီးဖြစ်တယ်။ အဲဒီတော့အခုအစိုးရလည်းကြိုက်တာလုပ်။ ပြည်သူတွေကလည်း ပြည်သူကတော့ ရင်ထဲမှာဆုံးဖြတ်ထားပြီးသားရှိမယ်လို့ယုံကြည်တယ်”ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌဦးစောသန်း မြင့်ကပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က NLD ပါတီ၏ ကြေ ညာချက်သည် နိုင်ငံရေးပါတီများအတွက် မမျှတကြောင်းနှင့် အစိုးရဖြစ်သည့်တွက် လက်ဦးမှုယူခြင်းသည် ကောင်းသည့်အစဉ်အလာမဟုတ်ကြောင်းပြောသည်။

“တစ်ခုတော့ရှိတာပေါ့ဗျာ။ အစိုးရဆိုတာ သူ့အတွက်လက်ဦးမှုယူတာကြီးပဲ။ အဲဒီအစဉ်အလာလဲကောင်းတဲ့ အစဉ် လာမဟုတ်ဘူးဗျ။ ဘယ်သူပဲဖြစ်ဖြစ် ငါအစိုးရဖြစ်တဲ့အတွက် လက်ဦးမှုယူမယ်။ တစ်ခြားလည်း အသာစီး ယူမယ်ဆိုရင်တော့ အဲဒီစိတ်စေတနာမျိုးနဲ့ဆိုရင် နိုင်ငံတော့်အတွက်အရမ်းခက်ခဲတယ်”ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်အတိုင်ပင်ခံ)နှင့် ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်(သမ္မတ)တို့ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်မည့်ကြေညာချက်နှင့် ပတ်သက်ပြီး အခြားနိုင်ငံရေးပါတီများမှလည်း NLD ပါတီအပေါ်ဝေဖန်ပြောဆိုမှုများရှိနေသည်။

#PeopleMedia


Share this post