• Follow Us on
Latest News

Home ေနအိမ္အတြင္း ေသနတ္သမားတစ္ဦး ၀င္ေရာက္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ျပင္းထန္စြာ ဒဏ္ရာရရွိ

ေနအိမ္အတြင္း ေသနတ္သမားတစ္ဦး ၀င္ေရာက္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ျပင္းထန္စြာ ဒဏ္ရာရရွိ

Share this post

ဖားကန္႔၊ ဒီဇင္ဘာလ ၂၃

ဖားကန္႔ၿမိဳ႕နယ္၊ ေမွာ္ဝမ္းႀကီးေက်းရြာရွိ ေနအိမ္တစ္အိမ္သို႔ ယမန္ေန႔ ညေနပိုင္းက အမည္မသိ ေသနတ္သမား တစ္ဦးေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသား တစ္ဦး ျပင္းထန္စြာ ဒဏ္ရရွိခဲ့ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရသူမွာ ဖားကန္႔ၿမိဳ႕နယ္၊ ေမွာ္ဝမ္းႀကီးေက်းရြာ ေနထိုင္သူ ဦးတင္ဝင္းထြန္း ဆိုသူျဖစ္ၿပီး ဒီဇင္ဘာလ ၂၂ ရက္ေန႔၊ ညေန ၄နာရီ အခ်ိန္ခန္႔တြင္ ၄င္းသည္ ေမွာ္ဝမ္းႀကီးေက်းရြာ ေနအိမ္၌ တစ္ဦးတည္ရွိေနစဉ္ အသက္ ၃၆-၃၇ ႏွစ္ရြယ္ခန္႔ အမည္မသိ ေသနတ္သမား တစ္ဦး ေရွာက္ရွိလာၿပီး ၄င္းအား ခိုက္ရန္ျပဳကာ ေသနတ္ျဖင့္ ပစ္ခတ္၍ ထြက္ေျပးသြားေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဦးတင္ဝင္းထြန္းတြင္ ၀ဲဘက္ခါးမွ ၀ဲဘက္ဝမ္းဗိုက္သို႔ ေဖာက္ထြက္ ဒဏ္ရာ(စိုးရိမ္ရ) ရရွိခဲ့ၿပီး ဖားကန္႔ၿမိဳ႕နယ္ျပည္သူ့ေဆး႐ုံးမွတဆင့္ မႏၲေလးျပည္သူ့ေဆး႐ုံသို႔ ပို႔ေဆာင္ ေဆးကုသမႈ ခံယူေနရသည္။

ျဖစ္စဉ္ႏွင့္ ပတ္သက္၍ EPN မွ ၄င္း၏ မိသားစုဝင္မ်ားထံ သြားေရာက္ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ေနအိမ္တံခါးပိတ္ထားသည္ကိုသာ ေတြ႕ရၿပီး ေမးျမန္းခြင့္မရရွိခဲ့ေပ။

ဖားကန္႔ေက်ာက္စ္ိမ္းေမွာ္တြင္ အလားတူ အမည္မသိေသနတ္သမားမ်ား၏ ပစ္ခတ္မႈေၾကာင့္ ေမွာ္ရွန္ေက်းရြာမွ အုပ္ခ်ဳပ္ေရးတာဝန္ခံ ေဒၚနႏၵာလႈိင္၊ ေက်ာင္းဆရာ ကိုေအာင္ဇင္ထြန္း၊ ေမာ္ေတာ္ယာဉ္ဂိတ္မွဴး ဦးခင္စိုးတို႔မွာ အသက္ေသဆုံးခဲ့ရၿပီး အျခားေသာ ဒဏ္ရာရရွိသူမ်ားလည္း ရွိေနခဲ့ရာ ယေန႔အထိ အမည္မသိ ေသနတ္ျဖင့္ ပစ္ခတ္သူမ်ားအား ဖမ္းဆီးအေရးယူႏိုင္ျခင္း မရွိသျဖင့္ ေဒသခံမ်ား၊ ၄င္းေဒသတြင္ ေနထိုင္ၾကသူမ်ား အေနႏွင့္ စိုးရိမ္လွ်က္ရွိေနၾကသည္။

ေနာင္႐ိုး

#PeopleMedia #EPN

(unicode)
နေအိမ်အတွင်း သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
………………………………………………………………………….

ဖားကန့်၊ ဒီဇင်ဘာလ ၂၃

ဖားကန့်မြို့နယ်၊ မှော်ဝမ်းကြီးကျေးရွာရှိ နေအိမ်တစ်အိမ်သို့ ယမန်နေ့ ညနေပိုင်းက အမည်မသိ သေနတ်သမား တစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦး ပြင်းထန်စွာ ဒဏ်ရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူမှာ ဖားကန့်မြို့နယ်၊ မှော်ဝမ်းကြီးကျေးရွာ နေထိုင်သူ ဦးတင်ဝင်းထွန်း ဆိုသူဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ညနေ ၄နာရီ အချိန်ခန့်တွင် ၄င်းသည် မှော်ဝမ်းကြီးကျေးရွာ နေအိမ်၌ တစ်ဦးတည်ရှိနေစဉ် အသက် ၃၆-၃၇ နှစ်ရွယ်ခန့် အမည်မသိ သေနတ်သမား တစ်ဦး ရှောက်ရှိလာပြီး ၄င်းအား ခိုက်ရန်ပြုကာ သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးတင်ဝင်းထွန်းတွင် ၀ဲဘက်ခါးမှ ၀ဲဘက်ဝမ်းဗိုက်သို့ ဖောက်ထွက် ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ပြီး ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံးမှတဆင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ EPN မှ ၄င်း၏ မိသားစုဝင်များထံ သွားရောက်ဆက်သွယ်မေးမြန်းခဲ့သော်လည်း နေအိမ်တံခါးပိတ်ထားသည်ကိုသာ တွေ့ရပြီး မေးမြန်းခွင့်မရရှိခဲ့ပေ။

ဖားကန့်ကျောက်စ်ိမ်းမှော်တွင် အလားတူ အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် မှော်ရှန်ကျေးရွာမှ အုပ်ချုပ်ရေးတာဝန်ခံ ဒေါ်နန္ဒာလှိုင်၊ ကျောင်းဆရာ ကိုအောင်ဇင်ထွန်း၊ မော်တော်ယာဉ်ဂိတ်မှူး ဦးခင်စိုးတို့မှာ အသက်သေဆုံးခဲ့ရပြီး အခြားသော ဒဏ်ရာရရှိသူများလည်း ရှိနေခဲ့ရာ ယနေ့အထိ အမည်မသိ သေနတ်ဖြင့် ပစ်ခတ်သူများအား ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသဖြင့် ဒေသခံများ၊ ၄င်းဒေသတွင် နေထိုင်ကြသူများ အနေနှင့် စိုးရိမ်လျှက်ရှိနေကြသည်။

နောင်ရိုး

#PeopleMedia #EPN


Share this post