နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတခု နိုင်ဂျီရီးယားတွင်တွေ့ရ

PUBLISHED - December 25, 2020
နိုင်ရိုဘီ၊ ဒီဇင်ဘာ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတမျိုးကို နိုင်ဂျီရီးယားနိုင်ငံတွင်တွေ့ရှိကြောင်း အာဖရိကတိုက်ရောဂါထိန်းချုပ်ရေး ဗဟိုဌာနအကြီးအကဲ ဂျွန် နန်ဂါဆောင် က ဒီဇင်ဘာ ၂၄ ရက်တွင်ပြောပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန်လိုအပ်ကြောင်းလည်း သတိပေးသည်။
ဗြိတိန်နှင့်တောင်အာဖရိကတို့တွင် ပိုမိုကူးစက်မြန်သည့်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ၁ ခုစီတွေ့ခဲ့ပြီးနောက် အဝင်အထွက်ပိတ်ခြင်းများပြုလုပ်ပြီးနောက်ပိုင်း ယခုသတင်းပေါ်ထွက်လာခြင်းဖြစ်သည်။
နိုင်ဂျီရီးယားနှင့်တောင်အာဖရိကတို့တွင် ကူးစက်မှုများမြင့်တက်နေချိန်တွင် သတင်းထွက်လာခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့်တပတ်အတွင်း နိုင်ဂျီရီးယားတွင် ကူးစက်မှု ၅၀ ရာခိုင်နှုန်းမြင့်တက်လာပြီး တောင်အာဖရိကတွင် ၄၀ ရာခိုင်နှုန်းမြင့်တက်လာသည်ဟုလည်း နန်ဂါဆောင်ကပြောသည်။
နိုင်ဂျီရီးယားရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် အာဖရိကကူးစက်ရောဂါမျိုးဗီဇပြီးပြည့်စုံစေရေးဗဟိုဌာနတို့က နမူနာများကို ထပ်မံစစ်ဆေးမည်ဖြစ်ပြီး စောသေးသဖြင့် အချိန်အနည်းငယ်ပေးရန်လည်း သူကတောင်း ဆိုသည်။
အာဖရိကတိုက်တွင် နေထိုင်သူအများဆုံးဖြစ်သည့်နိုင်ဂျီရီးယားတွင် လူသန်း ၂၀၀ ကျော်နေထိုင်ပြီး ဗုဒ္ဓဟူးနေ့ အထိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈၀၀၀၀ ကျော်ခဲ့သည်။
ယခုလအတွင်း ပထမဆုံးအနေဖြင့် ကူးစက်အတည်ပြုလူနာ ၁၀၀၀ ကျော်ရှိခဲ့သည်။
Ref : COVID-19: Another new coronavirus variant found in Nigeria, says Africa CDC
#PeopleMedia
(unicode)
………………………………
Ref : COVID-19: Another new coronavirus variant found in Nigeria, says Africa CDC
#PeopleMedia