နေပြည်တော်ရှိ ကျောက်မျက်ပြပွဲ၌ ပုလဲအတွဲပေါင်း (၃၃၀) နှင့် ကျောက်စိမ်းအတွဲပေါင်း (၇၈၀) ကို ပြသ ရောင်းချသွားမည်

PUBLISHED - December 18, 2021
နေပြည်တော်၊ ဒီဇင်ဘာ ၁၈ (People Media)
နေပြည်တော်ရှိ ကျောက်မျက်ပြပွဲ၌ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Empori um) တွင် ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်စိမ်း အတွဲပေါင်း ၇၈၀ ကို ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။
ယမန်နေ့ပြုလုပ်သည့် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) တွင် ပုလဲအတွဲများကို ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ကျောက်စိမ်း အတွဲများကို ၂၀ ရက်မှ ၂၂ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း အသီးသီးရောင်းချပေး သွားမည်ပြီး ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) ကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပပြု လုပ်လျက်ရှိကြောင်း သိရသည်။
ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) အခမ်းအနားကို ယမန်နေ့နံ နက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
#PeopleMedia #ကျောက်မျက်ပြပွဲ
(unicode)
……………………………………………………………