နေပြည်တော်ကောင်စီနယ်မြေ၌ ဗုံးလန့်မှု နှစ်ကြိမ်ဖြစ်ပွား

PUBLISHED - September 29, 2021
နေပြည်တော်၊ စက်တင်ဘာ ၂၉ (People Media)
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၌ စက်တင်ဘာလ ၂၉ ရက်နေ့ တစ်ရက်ထဲတွင် ဗုံးလန့်မှု နှစ်ကြိမ်ဖြစ်ပွားမှုရှိခဲ့သည်။
အဆိုပါဖြစ်စဉ်များမှာ စက်တင်ဘာ ၂၉ ရက်နေ့ မနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် စိစစ်ဆဲလူနှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် မြို့မဈေးဘက်မှ မောင်းနှင်လာပြီး ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက် ဗိုလ်တောက်ထိန်လမ်းနှင့် ဦး ဘွားလမ်းဆုံအရောက်တွင် ပေါက်ကွဲစေသော အရာဝတ္တုနှင့် ပစ်ပေါက်ခဲ့မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အလားတူ စက်တင်ဘာ ၂၉ မနက် ၁၀ နာရီခွဲ ဒက္ခိသီရိမြို့နယ်၊ နေပြည်တော်အဝင်လမ်းနှင့် F လမ်းဆုံမီးပွိုင် ယာဉ်ကြီးကြပ်ရုံးအနီး မသင်္ကာဖွယ်ရာ သံပြားတစ်ခုအား သွားရောက်စစ်ဆေးရာ ယာဉ်နံပါတ်ပြားအား ခေါက်၍ တိတ်အနီရောင်ဖြင့် ပတ်ထားပြီး မီးပွိုင့်အချက်ပြထိန်းချုပ်ပုံးအောက်တွင် ထည့်ထားခြင်းကို တွေ့ရှိခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ဗုံးလန့်မှုဖြစ်စဉ်နှစ်ခုအနက် လူများထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ပြည်သူလူထုအား စိုးရိမ်မှုမြင့် တက်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျူးလွန်သူများကိုလည်း ဖမ်းမိနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #နေပြည်တော်
(unicode)
………………………………………………………………