• Follow Us on
Latest News

Home နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရာအိမ်မှူးတစ်ဦးသည် အောက်တိုဘာ ၂၆ ရက်နေ့၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း န.စ.က မှ အတည်ပြုပြောဆိုထားသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်း ကျေးရွာ၊ ရာအိမ်မှူး ဦးဌေးအောင်သည် ကျည်တောင်ကန်ကျေးရွာမှ ဇီးကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာ စဉ် ၎င်း၏နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသည့် အမည်မသိလူနှစ်ဦးမှ သေနတ်ဖြင့် ၄ ချက်ပစ်ခတ်၍ မောင်း နှင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

 

ယင်းသို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရာအိမ်မှူး ဦးဌေးအောင်သည် သေနတ်ဒဏ်ရာ ၄ ချက်ထိမှန်၍ အခင်းဖြစ် နေရာ၌ပင် သေဆုံးခဲ့ကြောင်းနှင့် မည်သည့်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်သည်ကိုမူ မသိရှိရသေးပေ။

 

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ပြီးခဲ့သည့်လပိုင်းအတွင်း၌လည်း ပစ်ခတ်သတ်ဖြတ်မှု များနှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

 

Photo – ပုံအဟောင်းပြန်လည်အသုံးပြုထားသည်

 

#PeopleMedia #နေပြည်တော်ကောင်စီနယ်မြေ #ပုဗ္ဗသီရိ #ရာအိမ်မှူး

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post