နေပြည်တော်၊ရန်ကုန်နှင့် မန္တလေးတို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနိုင်ဟု အမေရိကန်သံရုံးမှ လုံခြုံရေးသတိပေးချက်ထုတ်ပြန်

PUBLISHED - September 26, 2019
မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးက နေပြည်တော်၊ရန်ကုန်နဲ့ မန္တလေးတို့မှာ လာမယ့်ရက်ပိုင်းအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနိုင်တယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့မှာ လုံခြုံရေးသတိပေးချက် ထုတ်ပြန်ထားပါတယ်။
အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုတွေဟာ နေပြည်တော်မှာ စက်တင်ဘာ ၂၆ ရက် ၊အောက်တိုဘာ ၁၆ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ လာမယ့်လတွေမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အကြမ်းဖက်မှုတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။
လုံခြုံရေးသတိပေးချက်ထဲမှာ အမေရိကန်နိုင်ငံသားတွေကို ၄င်းတို့ရဲ့ လုံခြုံရေးဆိုင်ရာသတိပြုကြဖို့၊အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဌာနတွေကို သွားလာတဲ့အခါ ဂရုပြုကြဖို့နဲ့ ပြည်တွင်းသတင်းမီဒီယာက သတင်းဖော်ပြချက်တွေကို စောင့်ကြည်ကြဖို့ အကြုံပြုထားပါတယ်။
၎င်းတို့ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း သတိပေးမှုပြုလုပ်ဖို့ အမေရိကန်သံရုံးက ၄င်းတို့နိုင်ငံသားတွေကို သတိပေးထားပါတယ်။
Ref; The Straitstimes