• Follow Us on

Home နေပြည်တော်၌ လမ်းလျှောက်သြင်္ကန် ပထမဆုံးထည့်သွင်းကျင်းပမည်

နေပြည်တော်၌ လမ်းလျှောက်သြင်္ကန် ပထမဆုံးထည့်သွင်းကျင်းပမည်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

 

နေပြည်တော်၌ လမ်းလျှောက်သြင်္ကန် ပထမဆုံးထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသြင်္ကန်ပွဲ အကြို ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော်၌ကျင်းပမည့် ယခုနှစ်သြင်္ကန်တွင် လမ်းလျှောက်သြင်္ကန်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း၊ လမ်းလျှောက်သြင်္ကန်ကို နေပြည်တော်၌ ပထမဆုံးထည့်သွင်းကျင်းပခြင်းဖြစ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအငွေ့အသက်များ မပျောက်ပျက်အောင် စံနမူနာပြ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကျင်းပရာတွင် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ စနစ်တကျ သုံးသပ်စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုနှစ်မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲတော်တွင် နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ဒေသနေပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ Brilliant Aura ကုမ္ပဏီမှတာဝန်ရှိသူနှင့် တက်ရောက်လာကြသူများက ယခုနှစ် နေပြည်တော်၌ ကျင်းပမည့် သြင်္ကန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ အားလုံးပါဝင်ပျော်ရွှင်စေရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 

#PeopleMedia

 

(unicode)


……………………………………………….

 


 


 


 


 

#PeopleMedia


Share this post