• Follow Us on
Latest News

Home နေပြည်တော်-မန္တလေးဘက်ခြမ်း အမြန်လမ်းမကြီးတွင် ဆိုင်ကယ်နှင့် ကားတိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ ခြေထောက်ပြတ်ထွက်၍ သေဆုံး

နေပြည်တော်-မန္တလေးဘက်ခြမ်း အမြန်လမ်းမကြီးတွင် ဆိုင်ကယ်နှင့် ကားတိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ ခြေထောက်ပြတ်ထွက်၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၂၀ (People Media)

 

နေပြည်တော်-မန္တလေးဘက်ခြမ်းအမြန်လမ်းမကြီးတွင် ဆိုင်ကယ်နှင့် ကားတိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ ခြေထောက်ပြတ်ထွက် သေဆုံးသွားကြောင်း ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ People Media သို့ အတည်ပြုပြောကြားသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၁၉ ရက် မွန်းလွဲပိုင်းအချိန်တွင် နေပြည်တော်-မန္တလေးဘက်ခြမ်း အမြန်လမ်းမကြီးမိုင်တိုင် အမှတ် (၂၆၂/၁-၂)ဖာလုံအကြားတွင် တံတားဦးမြို့နေ NEW ANBO-125 နံပါတ်မပါသည့် ဆိုင်ကယ်မောင်း သူသည် လမ်း၏ အနောက်ဘက်မှ အရှေ့ဘက်သို့ လမ်းအားဖြတ်ကူးမောင်းနှင်စဉ် နေပြည်တော်မှ မန္တလေး ဘက်သို့ ပုဇွန်တောင်မြို့နယ်၌ နေထိုင်သူ ဇင်ကိုကိုဝင်း(၂၇)နှစ် မောင်းနှင်လာသည့် YGN-1P/…. ဟွန်ဒါဖစ် ယာဉ်အမျိုးအစားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

 

“အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်တာ ဟုတ်ပါတယ်။ ဆိုင်ကယ်နဲ့ ကားနဲ့တိုက်မိတာမှာ ဆိုင်ကယ်မောင်းနှင်သူ က ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေနဲ့ ယာခြေထောက်ပြတ်ထွက်ပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့တာပါ။ အခု လက်ရှိ ဆိုင်ကယ်မောင်းနှင်သူကို အမှုဖွင့်အရေးယူထားပါတယ်။ မောင်းနှင်ခွင့်မရှိတဲ့နေရာမှာ မောင်းနှင်တဲ့ အတွက် ဆိုင်ကယ်မောင်းနှင်သူမှာပဲ အပြစ်ရှိပါတယ်” ဟု ပေပင်လေးအမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။

 

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါရှိသည့် ယာဉ်မောင်း ဇင်ကိုကိုဝင်း (၂၇)နှစ် အပါအဝင် ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း ၃ ဦးတို့မှာ ထိခိုက်ဒဏ်ရာမရရှိဘဲ ဆိုင်ကယ်မောင်းနှင်သူ ဉာဏ်ထွန်း(၂၀)နှစ်တွင် ဦးခေါင်း ပေါက်ပြဲသွေးထွက် ဒဏ်ရာ၊ ယာခြေထောက်ပြတ်ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည့် အတွက် တပ်ဖွဲ့မှ ရန်အောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းမကြီးပေါ် တက်ရောက်မောင်းနှင်ခွင့်မရှိဘဲ ဆိုင်ကယ်တက်ရောက်မောင်းနှင် ကာ ယာဉ်မတော်တဆဖြစ်ပွားစေခဲ့သည့်အတွက် သေဆုံးသူဆိုင်ကယ်ယာဉ်မောင်း ဉာဏ်ထွန်း(၂၀)နှစ်အား ပေပင်လေးအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၁၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

Photo – ပေပင်လေးအမြန်လမ်းမီးသတ်တပ်ဖွဲ့

 

#PeopleMedia #ပေပင်လေးအမြန်လမ်းမီးသတ်တပ်ဖွဲ့ #ယာဉ်တိုက်မှု

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post