ပျော်ဘွယ်မြို့၌ ရထားနှင့် နွားအုပ်တိုက်မိရာ ရထားဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ဟုဆို

PUBLISHED - November 18, 2021
မန္တလေး၊ နိုဝင်ဘာ ၁၈ (People Media)
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ နိုဝင်ဘာ ၁၇ ရက်နေ့၌ ညပိုင်းက လမ်းပြင်ရထားနှင့် နွား အုပ်တိုက်မိရာ ရထားဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က အတည်ပြုပြောဆိုပါတယ်။
ဖြစ်စဉ်၌ မီးရထားလမ်းပြင်သည့် ရထားသည် ပျော်ဘွယ်မြို့နယ်၊ မင်းလမ်းကျေးရွာအနီး၌ နွားအုပ်ကို တိုက်မိခဲ့ပြီး ရထားတိမ်းမှောက်ခဲ့သလို မီးရထားဝန်ထမ်းနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။
“ညနေစောင်း နွားသွင်းချိန်ဆိုတော့ အဲ့ဒီမှာ တိုက်မိတာ။ ဝန်ထမ်းနှစ်ဦး သေဆုံးတယ်လို့ သိရတယ်” လို့ ဒေသ ခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ၌ ပြန်လည်ဖြေကြားပေးခြင်းတော့ မရှိပါဘူး။
Photo – cj
#PeopleMedia #ပျော်ဘွယ်မြို့ #မြန်မာ့မီးရထား
(unicode)
………………………………………………………
မန်တလေး၊ နိုဝငျဘာ ၁၈ (People Media)
Photo – cj