ဖောင်းပြင်မြို့ရှိ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း နှစ်ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံရ

PUBLISHED - March 21, 2022
ဖောင်းပြင်၊ မတ် ၂၁ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့၌ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း နှစ်ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံခဲ့ရသည်။
“ချိတ်ပိတ်ခံရတဲ့သူ နှစ်ယောက်က NUG/PDF အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရတယ်။ မနေ့က သူတို့ရဲ့ နေအိမ် တွေကို ချိတ်ပိတ်သွားတာ တွေ့ရတယ်” လို့ မြို့ခံတစ်ဦးက ပြောသည်။
ချိတ်ပိတ်ခံရသည့် နေအိမ်နှစ်လုံးမှာ ဦးမောင်မောင်လတ် NLD ပါတီ တိုင်း(၁)လွှတ်တော် ကိုယ်စားလှယ် ဟောင်းနှင့် ဦးထွန်းဝေ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတို့၏ နေအိမ်နှင့် စီးပွားရေးလုပ်ငန်းတို့ ဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
#PeopleMedia
(unicode)
………………………………………………..
#PeopleMedia