ဖေဖော်ဝါရီ ၁ ရက်နေ့၌ ရန်ကုန်မြို့တွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်၍ န-စ-ကနှင့် တပ်မတော်ထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်နေ

PUBLISHED - January 24, 2022
ရန်ကုန်၊ ဇန်နဝါရီ ၂၄ (People Media)
တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ယာယီရယူခဲ့သော တစ်နှစ်ပြည့်မြောက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့၌ ရန်ကုန်မြို့တွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်၍ န-စ-ကနှင့် တပ်မတော်ထောက်ခံပွဲ ပြုလုပ်ရန်စီစဉ်နေသည်။
အဆိုပါ ဖေဖော်ဝါရီ ၁ ရက်နေ့၌ NUG၊ CRPH တို့မှ လှုပ်ရှားမှုတစ်ခုဖြစ်သည့် အသံတိတ်သပိတ်ပြုလုပ်ရန် လူမှု ကွန်ယက်၌ လှုံဆော်မှု ပြုလုပ်ထားသည်။
“ရည်ရွယ်ချက်ကတော့ နစက ကို ဂုတ်ပြုထောက်ခံတဲ့အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။ Silent Day နဲ့ တိုက်နေ တာက ကျွန်တော်တို့ ကြေငြာပြီးတော့မှ အဲ့ဒီသတင်းက တက်လာတာ ဒါက နိုင်ငံရေးအားပြိုင်မှုတစ်ခုပါပဲ” လို့ မိုက်ကယ်ကျော်မြင့်က ကျော်သည်။
အလားတူ ဖေဖော်ဝါရီ ၁ ရက်နေ့၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ အစိုးရ ရုံးစိုက်ရာ မြို့များ၌ န-စ-က နှင့် တပ်မတော်ထောက်ခံပွဲ ပြုလုပ်ရန်စီစဉ်နေသည်။
#PeopleMedia #နစက #မိုက်ကယ်ကျော်မြင့်
(unicode)
………………………………………………………….