• Follow Us on
Latest News

Home ေဘက်င္းၿမိဳ႕ ပင္လယ္စာေစ်းတြင္ ေအးခဲအသားမ်ား ေရာင္း၀ယ္သိုေလွာင္မႈရပ္ဆိုင္းထား

ေဘက်င္းၿမိဳ႕ ပင္လယ္စာေစ်းတြင္ ေအးခဲအသားမ်ား ေရာင္း၀ယ္သိုေလွာင္မႈရပ္ဆိုင္းထား

Share this post

ေဘက်င္း၊ ႏို၀င္ဘာ ၂၆
 
ဇြန္လက တ႐ုတ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားေတြ႕ခဲ့သည့္ေဘက်င္းၿမိဳ႕မွ ႐ွင္ဖာဒီေစ်းတြင္ ေအးခဲ အသားႏွင့္ ပင္လယ္စာမ်ားေရာင္းခ်သိုေလွာင္မႈကို ရပ္ဆိုင္းထားသည္ဟု တ႐ုတ္အစိုးရေနာက္ခံ ေပးထားသည့္ ေဘက်င္းနယူးစ္ သတင္းစာကေဖာ္ျပသည္။
 
ခ်င္းေဒါင္ႏွင့္ တ်န္ဂ်င္း ၿမိဳ႕တို႔မွမၾကာေသးမီကူးစက္မႈမ်ားတြင္ ေအးခဲအစားအစာတင္သြင္းသူမ်ားပါ၀င္ေန သည္။
 
ေအးခဲအသား၊ ပင္လယ္စာႏွင့္ ေရခဲ႐ိုက္ထုတ္ကုန္မ်ားကို ဖယ္႐ွားၿပီး အေအးကန္႔ ၁၀၀ ေက်ာ္ကို ပိုးသတ္ခဲ့ သည့္အျပင္ လွ်ပ္စစ္ဓာတ္အားလည္းျဖတ္ေတာက္ခဲ့ေၾကာင္း ေဘက်င္းနယူးစ္က ဗုဒၶဟူးေန႔တြင္ေဖာ္ျပသည္။
 
လံုေလာက္ေသာအကာအကြယ္မ်ားမပါဘဲ ကို႐ိုနာဗိုင္းရပ္စ္မ်ားပါေနသည့္ ေအးခဲထုတ္ကုန္မ်ားႏွင့္ ထပ္ကာ ထပ္ကာထိေတြ႕ခဲ့သည့္လုပ္သားမ်ားသည္ ဗိုင္းရပ္စ္ကူးစက္ႏိုင္ေၾကာင္း တ႐ုတ္အရာ႐ွိတေယာက္က ဗုဒၶဟူး ေန႔တြင္ေျပာသည္။
 
ႏိုင္ငံျခားမွတင္သြင္းလာသည့္ထုတ္ကုန္မ်ားႏွင့္ထုပ္ပိုးမႈမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္မ်ားပါေနေၾကာင္း ေတြ႕႐ွိ သည္ဟု တ႐ုတ္ႏိုင္ငံက ထပ္ကာထပ္ကာေျပာခဲ့ၿပီးေနာက္ပိုင္း အစားအစာႏွင့္ ဆက္စပ္လူပုဂၢိဳလ္မ်ားကို အႀကီးအက်ယ္စစ္ေဆးမႈမ်ား၊အ အခ်ိဳ႕ေသာသြင္းကုန္မ်ားကိုရပ္ဆိုင္းျခင္းႏွင့္ ကုန္သြယ္ေရးစီးဆင္းမႈ ရပ္ပစ္ျခင္းအပါအ၀င္ ေအးခဲအစားအစာမ်ားကိုစစ္ေဆးမႈအ႐ွိန္ႁမွင့္တင္ေနသည္။
 
Ref : Beijing’s Xinfadi market suspends sales, storage of aquatic and frozen products
 
#PeopleMedia
 
(unicode)
ဘေကျင်းမြို့ ပင်လယ်စာစျေးတွင် အေးခဲအသားများ ရောင်းဝယ်သိုလှောင်မှုရပ်ဆိုင်းထား
…………………………………………………………
 
ဘေကျင်း၊ နိုဝင်ဘာ ၂၆
 
ဇွန်လက တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများတွေ့ခဲ့သည့်ဘေကျင်းမြို့မှ ရှင်ဖာဒီစျေးတွင် အေးခဲ အသားနှင့် ပင်လယ်စာများရောင်းချသိုလှောင်မှုကို ရပ်ဆိုင်းထားသည်ဟု တရုတ်အစိုးရနောက်ခံ ပေးထားသည့် ဘေကျင်းနယူးစ် သတင်းစာကဖော်ပြသည်။
 
ချင်းဒေါင်နှင့် တျန်ဂျင်း မြို့တို့မှမကြာသေးမီကူးစက်မှုများတွင် အေးခဲအစားအစာတင်သွင်းသူများပါဝင်နေ သည်။
 
အေးခဲအသား၊ ပင်လယ်စာနှင့် ရေခဲရိုက်ထုတ်ကုန်များကို ဖယ်ရှားပြီး အအေးကန့် ၁၀၀ ကျော်ကို ပိုးသတ်ခဲ့ သည့်အပြင် လျှပ်စစ်ဓာတ်အားလည်းဖြတ်တောက်ခဲ့ကြောင်း ဘေကျင်းနယူးစ်က ဗုဒ္ဓဟူးနေ့တွင်ဖော်ပြသည်။
 
လုံလောက်သောအကာအကွယ်များမပါဘဲ ကိုရိုနာဗိုင်းရပ်စ်များပါနေသည့် အေးခဲထုတ်ကုန်များနှင့် ထပ်ကာ ထပ်ကာထိတွေ့ခဲ့သည့်လုပ်သားများသည် ဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်း တရုတ်အရာရှိတယောက်က ဗုဒ္ဓဟူး နေ့တွင်ပြောသည်။
 
နိုင်ငံခြားမှတင်သွင်းလာသည့်ထုတ်ကုန်များနှင့်ထုပ်ပိုးမှုများတွင် ကိုရိုနာဗိုင်းရပ်စ်များပါနေကြောင်း တွေ့ရှိ သည်ဟု တရုတ်နိုင်ငံက ထပ်ကာထပ်ကာပြောခဲ့ပြီးနောက်ပိုင်း အစားအစာနှင့် ဆက်စပ်လူပုဂ္ဂိုလ်များကို အကြီးအကျယ်စစ်ဆေးမှုများ၊အ အချို့သောသွင်းကုန်များကိုရပ်ဆိုင်းခြင်းနှင့် ကုန်သွယ်ရေးစီးဆင်းမှု ရပ်ပစ်ခြင်းအပါအဝင် အေးခဲအစားအစာများကိုစစ်ဆေးမှုအရှိန်မြှင့်တင်နေသည်။
 
Ref : Beijing’s Xinfadi market suspends sales, storage of aquatic and frozen products
 
#PeopleMedia

Share this post