ေဘးကင္းလံုၿခံဳမႈစိုးရိမ္ရသျဖင့္ ငွက္ဖ်ားေဆးျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ကုသရန္ စမ္းသပ္မႈကို WHO ရပ္ဆိုင္း
PUBLISHED - May 26, 2020
ဂ်ီနီဗာ၊ ေမ ၂၆
ကို႐ိုနာဗိုင္းရပ္စ္ကုသရာတြင္ အသံုးျပဳႏိုင္ေခ်႐ွိသည္ဟုဆိုကာ ငွက္ဖ်ားေပ်ာက္ေဆးဟုိက္ဒေရာက္ဆီကလို႐ို ကြင္းျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ကုသရန္စမ္းသပ္မႈမ်ားကို ေဘးကင္းလံုၿခံဳမႈစိုးရိမ္ရသည္ဟုဆိုၿပီး ကမာၻ႔က်န္းမာေရး အဖြဲ႕ W.H.O က ရပ္ဆိုင္းထားသည္။
သတိေပးသည့္အေနျဖင့္ ႏုိင္ငံအေျမာက္အျမားမွ စမ္းသပ္ကုသမႈမ်ားကို ယာယီရပ္ဆိုင္းထားေၾကာင္း W.H.O က တနလၤာေန႔တြင္ေျပာသည္။ မၾကာေသးခင္က ေဆးပညာေလ့လာမႈတစ္ရပ္အရ ထိုေဆးေၾကာင့္ COVID-19 လူနာမ်ားေသဆံုးႏိုင္သည့္အႏၱရာယ္ပိုမ်ားေၾကာင္းေတြ႕႐ွိၿပီးေနာက္ ယခုကဲ့သို႔ရပ္ဆိုင္းျခင္းျဖစ္သည္။
ဗိုင္းရပ္စ္ကာကြယ္ရန္ ထိုေဆးေသာက္ေနေၾကာင္း အေမရိကန္သမၼတေဒၚနယ္ ထရမ့္ကေျပာထားသည္။ ႏွလံုးျပႆနာေတြ႕ႏိုင္သည္ဟု ျပည္သူ႔က်န္းမာေရးအရာ႐ွိမ်ားကသတိေပးေနေသာ္လည္း ေဆးပညာဆိုင္ရာ အႀကံေပးမႈမ်ားကို ဆန္႔က်င္ၿပီး ထရမ့္က ငွက္ဖ်ားေပ်ာက္ေဆးကို ထပ္ကာထပ္ကာညႊန္းေနသည္။
ကို႐ိုနာဗ္ိုင္းရပ္စ္လူနာမ်ားကို ဟိုက္ဒေရာက္ဆီကလို႐ိုကြင္းျဖင့္ကုသရာတြင္ ေကာင္းက်ိဳးမ႐ွိေၾကာင္းႏွင့္ COVID-19 ေရာဂါကူးစက္သူမ်ားအတြက္အသံုးျပဳပါက ေဆး႐ံုတြင္ေသဆံုးမႈျမင့္တက္လာေၾကာင္း ၿပီးခဲ့ သည့္တစ္ပတ္က The Lancet ေဆးပညာဂ်ာနယ္တြင္ေဖာ္ျပသည့္ေလ့လာမႈတစ္ရပ္တြင္ပါ၀င္သည္။
ဟိုက္ဒေရာက္ဆီကလို႐ိုကြင္းသည္ ငွက္ဖ်ားေရာဂါႏွင့္ အေရျပားေယာင္ယမ္းျခင္း၊ အဆစ္ေယာင္ျခင္းတို႔ အတြက္ ေဘးကင္းစြာအသံုးျပဳႏိုင္ေသာ္လည္း COVID-19 ကုသရာတြင္အသံုးျပဳရန္ စမ္းသပ္ကုသမႈတစ္ခုကမွ ညႊန္းထားျခင္းမ႐ွိေပ။
Ref : Coronavirus: WHO halts trials of hydroxychloroquine over safety fears
#PeopleMedia
(Unicode)
ဘေးကင်းလုံခြုံမှုစိုးရိမ်ရသဖြင့် ငှက်ဖျားဆေးဖြင့် ကိုရိုနာဗိုင်းရပ်စ်ကုသရန် စမ်းသပ်မှုကို WHO ရပ်ဆိုင်း
……………………………………………………
ဂျီနီဗာ၊ မေ ၂၆
ကိုရိုနာဗိုင်းရပ်စ်ကုသရာတွင် အသုံးပြုနိုင်ချေရှိသည်ဟုဆိုကာ ငှက်ဖျားပျောက်ဆေးဟိုက်ဒရောက်ဆီကလိုရို ကွင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကုသရန်စမ်းသပ်မှုများကို ဘေးကင်းလုံခြုံမှုစိုးရိမ်ရသည်ဟုဆိုပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ W.H.O က ရပ်ဆိုင်းထားသည်။
သတိပေးသည့်အနေဖြင့် နိုင်ငံအမြောက်အမြားမှ စမ်းသပ်ကုသမှုများကို ယာယီရပ်ဆိုင်းထားကြောင်း W.H.O က တနင်္လာနေ့တွင်ပြောသည်။ မကြာသေးခင်က ဆေးပညာလေ့လာမှုတစ်ရပ်အရ ထိုဆေးကြောင့် COVID-19 လူနာများသေဆုံးနိုင်သည့်အန္တရာယ်ပိုများကြောင်းတွေ့ရှိပြီးနောက် ယခုကဲ့သို့ရပ်ဆိုင်းခြင်းဖြစ်သည်။
ဗိုင်းရပ်စ်ကာကွယ်ရန် ထိုဆေးသောက်နေကြောင်း အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောထားသည်။ နှလုံးပြဿနာတွေ့နိုင်သည်ဟု ပြည်သူ့ကျန်းမာရေးအရာရှိများကသတိပေးနေသော်လည်း ဆေးပညာဆိုင်ရာ အကြံပေးမှုများကို ဆန့်ကျင်ပြီး ထရမ့်က ငှက်ဖျားပျောက်ဆေးကို ထပ်ကာထပ်ကာညွှန်းနေသည်။
ကိုရိုနာဗ်ိုင်းရပ်စ်လူနာများကို ဟိုက်ဒရောက်ဆီကလိုရိုကွင်းဖြင့်ကုသရာတွင် ကောင်းကျိုးမရှိကြောင်းနှင့် COVID-19 ရောဂါကူးစက်သူများအတွက်အသုံးပြုပါက ဆေးရုံတွင်သေဆုံးမှုမြင့်တက်လာကြောင်း ပြီးခဲ့ သည့်တစ်ပတ်က The Lancet ဆေးပညာဂျာနယ်တွင်ဖော်ပြသည့်လေ့လာမှုတစ်ရပ်တွင်ပါဝင်သည်။
ဟိုက်ဒရောက်ဆီကလိုရိုကွင်းသည် ငှက်ဖျားရောဂါနှင့် အရေပြားယောင်ယမ်းခြင်း၊ အဆစ်ယောင်ခြင်းတို့ အတွက် ဘေးကင်းစွာအသုံးပြုနိုင်သော်လည်း COVID-19 ကုသရာတွင်အသုံးပြုရန် စမ်းသပ်ကုသမှုတစ်ခုကမှ ညွှန်းထားခြင်းမရှိပေ။
Ref : Coronavirus: WHO halts trials of hydroxychloroquine over safety fears
#PeopleMedia