မောင်တောမြို့နယ်တွင် စက်လှေဖြင့် တင်ဆောင်လာသည့် ဘင်္ဂလီ (၃၀) ကျော် ဖမ်းဆီးရမိ
PUBLISHED - February 27, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအနီးတွင် စက်လှေဖြင့် တင်ဆောင်လာသည့် ဘင်္ဂလီ (၃၀) ကျော်ကို ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က တပ်မတော်(ရေ)မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မောင်တောမြို့ နယ်၊ ကျောက်ပန္ဒူကျေးရွာဘက်သို့ ဦးတည်ခုတ်မောင်းလာသော မသင်္ကာဖွယ်စက်လှေတစ်စီးအား တွေ့ရှိ သဖြင့် အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ရာ အဆိုပါ ကျေးရွာ၏ အနောက်မြောက်ဘက် (၁) မိုင်ကျော်ခန့်အကွာတွင် စစ်တွေမြို့၊ ဘုမေကျေးရွာနေ စက်လှေမောင်း သူ ဘင်္ဂလီ ကျား ၃ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင်၊ ဘာလူခါလီနှင့် နီလာဒုက္ခသည်စခန်းများမှ ဘင်္ဂလီ ကျား ၂၁ ဦး၊ မ ၁ဝ ဦး၊ စုစုပေါင်း ၃၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးရမိဘင်္ဂလီများကို ပွဲစားဆိုသူက မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ ဖြင့် ပို့ဆောင်ပေးမည်ဟု ပြောဆိုသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာပ်ဖ်မြို့ ဆိပ်ကမ်းမှ စက်လှေဖြင့် မြန်မာသို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး၊ အုန်းကျွန်းအနီးတွင် မြန်မာနိုင်ငံဘက်မှ လာ ရောက်ခေါ်ဆောင်သည့် စက်လှေပေါ်ပြောင်းစီး၍ ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာသို့ ဦးတည် ခုတ်မောင်းလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
#PeopleMedia
(unicode)
………………………………………………
#PeopleMedia