ေမာင္ေတာၿမိဳ႕၌ COVID-19 ကူးစက္ခံရသူသည္ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းမွ ျမန္မာႏုိင္ငံသုိ႔ ျပန္လည္ဝင္ ေရာက္ခဲ့သည့္ ဘဂၤါလီမိသားစုျဖစ္ေၾကာင္း ျပည္နယ္အစုိးရ အတည္ျပဳ
PUBLISHED - June 4, 2020
ရန္ကုန္၊ ဇြန္ – ၄
ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕၌ COVID-19 ကူးစက္ခံရသူသည္ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းမွာ ျမန္မာႏုိင္ငံ သုိ႔ ျပန္လည္ဝင္ေရာက္လာေသာ ဘဂၤါလီမိသားစုျဖစ္ေၾကာင္း ရခုိင္ျပည္နယ္အစုိးရအဖြဲ႕ဝင္တစ္ဦးက People Media သုိ႔ အတည္ျပဳေျပာဆုိသည္။
အဆုိပါ ဘဂၤါလီမိသားစုဝင္ (၅) ဦးသည္ ၂၀၂၀ ခုႏွစ္ ေမ(၃၀)ရက္၌ ဘဂၤလားေဒ့ရွ္ရွိ ဘဂၤါလီဒုကၡသည္စခန္းမွ ျမန္မာႏုိင္ငံ ဘဂၤါလီဒုကၡသည္မ်ား ျပန္လည္လက္ခံေရးဌာန ေတာင္ၿပိဳလက္ဝဲစခန္းမွတစ္ဆင့္ ျပန္လည္ ဝင္ ေရာက္ခဲ့သည္။
ထုိေတာင္ၿပိဳလက္ဝဲမွတစ္ဆင့္ လွဖုိးေခါင္ဒုကၡသည္စခန္း၌ ေစာင့္ၾကည့္လူနာအျဖစ္ထားရွိစဥ္ ၎တုိ႔၏ COVID -19 နွင့္ ပတ္သက္၍ က်န္းမာေရးအခ်က္အလက္ရယူၿပီး စစ္ေဆးရာ၌ COVID-19 ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ျပည္နယ္အစုိးရအဖြဲ႕ဝင္တစ္ဦးက ဆုိသည္။
“အခုက ဘဂၤလားဘက္က ဘဂၤါလီဒုကၡသည္စခန္းေတြမွ COVID ကူးစက္မႈက အရမ္းျပင္း ထန္ေနတယ္”လုိ႔ ျပည္နယ္ အစိုးရအဖြဲ႕ဝင္တစ္ဦးက ေျပာသည္။
လက္ရွိအခ်ိန္၌ ဘဂၤါလီမိသားစုဝင္မ်ားကုိ လွဖုိးေခါင္ဒုကၡသည္စခန္း၌ ထားရွိၿပီး ၎တုိ႔ႏွင့္ ထိေတြ႕သူမ်ားကုိ ဆက္လက္စစ္ေဆးရန္ လုပ္ေဆာင္ေနေၾကာင္း ျပည္နယ္အစုိးရအဖြဲ႕က ဆုိသည္။ အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ ေမာင္ေတာၿမိဳ႕ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးလွထြန္းေက်ာ္က ျပန္ဝင္လာတဲ့ ဘဂၤါလီေတြကုိ ဒီအခ်ိန္ မွာ ရပ္ဆုိင္းထားသင့္တယ္။ ဘူးသီးေတာင္၊ ေမာင္ေတာမွာက လူဦးေရသိပ္သည္းတယ္။ ကူးစက္မႈ အား ေကာင္းရင္ စုိးရိမ္ဖုိ႔ေကာင္တယ္လုိ႔ ဆုိပါတယ္။
#PeopleMedia #ဘဂၤါလီ #ရခုိင္ျပည္နယ္အစုိးရအဖြဲ႕
(unicode)
မောင်တောမြို့၌ COVID-19 ကူးစက်ခံရသူသည် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင် ရောက်ခဲ့သည့် ဘင်္ဂါလီမိသားစုဖြစ်ကြောင်း ပြည်နယ်အစိုးရ အတည်ပြု
……………………………………………………
ရန်ကုန်၊ ဇွန် – ၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ COVID-19 ကူးစက်ခံရသူသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ မြန်မာနိုင်ငံ သို့ ပြန်လည်ဝင်ရောက်လာသော ဘင်္ဂါလီမိသားစုဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက People Media သို့ အတည်ပြုပြောဆိုသည်။
အဆိုပါ ဘင်္ဂါလီမိသားစုဝင် (၅) ဦးသည် ၂၀၂၀ ခုနှစ် မေ(၃၀)ရက်၌ ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံ ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်လက်ခံရေးဌာန တောင်ပြိုလက်ဝဲစခန်းမှတစ်ဆင့် ပြန်လည် ဝင် ရောက်ခဲ့သည်။
ထိုတောင်ပြိုလက်ဝဲမှတစ်ဆင့် လှဖိုးခေါင်ဒုက္ခသည်စခန်း၌ စောင့်ကြည့်လူနာအဖြစ်ထားရှိစဉ် ၎င်းတို့၏ COVID -19 နှင့် ပတ်သက်၍ ကျန်းမာရေးအချက်အလက်ရယူပြီး စစ်ဆေးရာ၌ COVID-19 တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အခုက ဘင်္ဂလားဘက်က ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှ COVID ကူးစက်မှုက အရမ်းပြင်း ထန်နေတယ်”လို့ ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ ဘင်္ဂါလီမိသားစုဝင်များကို လှဖိုးခေါင်ဒုက္ခသည်စခန်း၌ ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့သူများကို ဆက်လက်စစ်ဆေးရန် လုပ်ဆောင်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ မောင်တောမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြန်ဝင်လာတဲ့ ဘင်္ဂါလီတွေကို ဒီအချိန် မှာ ရပ်ဆိုင်းထားသင့်တယ်။ ဘူးသီးတောင်၊ မောင်တောမှာက လူဦးရေသိပ်သည်းတယ်။ ကူးစက်မှု အား ကောင်းရင် စိုးရိမ်ဖို့ကောင်တယ်လို့ ဆိုပါတယ်။
#PeopleMedia #ဘင်္ဂါလီ #ရခိုင်ပြည်နယ်အစိုးရအဖွဲ့