မောင်းသူမဲ့ ရေငုပ်သင်္ဘောတိုက်ခိုက်ရေးရေယာဉ်ထုတ်လုပ်နေတဲ့ ရုရှား

PUBLISHED - January 21, 2022
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁ (People Media)
ရုရှားနိုင်ငံသည် တော်ပီဒိုများတပ်ဆင်ထားသော မောင်းသူမဲ့ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်တစ်စင်းကို တည်ဆောက်တော့မည်ဖြစ်ကြောင်း TASS သတင်းဌာနက ရေးသားဖောြ်ပလိုက်သည်။
အဆိုပါ မောင်းသူမဲ့ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်ကို သင်္ဘောတစ်စင်းပေါ်မှဖြစ်စေ၊ ကမ်းရိုးတန်းထိန်း ချုပ်ရေးဌာနတစ်ခုခုမှဖြစ်စေ ကိုင်တွယ်ထိန်းချုပ်နိုင်ကြောင်းသိရသည်။
“ရန်သူ့ရေငုပ်သင်္ဘောတွေကို အလိုအလျောက်ခြေရာခံရှာဖွေပြီး တိုက်ခိုက်နိုင်အောင် ဒီဇိုင်းရေးဆွဲထားတဲ့ မောင်းသူမဲ့ရေယာဉ်ကို လက်ရှိအချိန်မှာ ကုမ္ပဏီက ဒီဇိုင်းရေးဆွဲနေပါတယ်။” ဟု သတင်းရင်းမြစ်တစ်ခုကို ကိုး ကား၍ TASS သတင်းဌာနက ပြောသည်။
“ရန်သူ့ရေငုပ်သင်္ဘောတစ်စီးကို ခြေရာခံပြီးတဲ့နောက် ရေယာဉ်မှာပါတဲ့ စက်ရုပ်စနစ်က ပစ်မှတ်ကိုစုံစမ်းရှာဖွေ ဖော်ထုတ်ပြီး တော်ပီဒိုပစ်ဖို့ ဆုံးဖြတ်ပါလိမ့်မယ်။” ဟု သတင်းရင်းမြစ်ကပြောသည်။
533mm ဘက်စုံသုံး အီလက်ထရောနစ်တော်ပီဒိုနှစ်လုံးတပ်ဆင်ထားပြီး ၁၄ မီတာ (၄၆ ပေ) ရှည်သော မောင်း သူမဲ့ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်သည် ရေမိုင် ၃၅ မိုင်ကျော်ကို လောင်စာဆီထပ်မံဖြည့်တင်းရန်မလို ဘဲ သုံးရက်ကြာအထိ ခုတ်မောင်းသွားလာနိုင်သည်။
သင်္ဘောထုတ်လုပ်သူများက မောင်းသူမဲ့ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်ကို အမျိုးအစားနှစ်မျိုးထုတ်လုပ် ရန်စီစဉ်လျက်ရှိသည်။ ပထမတစ်မျိုးမှာ ပုံမှန်ပင်လယ်ပြင်တွင်သွားလာနိုင်သည့်အမျိုးအစားဖြစ်ပြီး ဒုတိယအမျိုး အစားမှာ ရေခဲပြင်ကိုခွဲပြီးသွားလာရသည့် အာတိတ်ပင်လယ်ပြင်တွင်အသုံးပြမည့်အမျိုးအစားဖြစ်သည်။
“စက်ရုပ်စနစ်တော်ပီဒိုတွေ ထည့်သွင်းတပ်ဆင်ထားတဲ့ မောင်းသူမဲ့ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်တွေ ဟာ အခြေခံရေငုပ်သင်္ဘောတိုက်ဖျက်ရေးတပ်ဖွဲ့တွေနဲ့ မပူးပေါင်းဘဲ ရေတပ်တိုက်ခိုက်ရေးအုပ်စုတစ်ခုရဲ့ တိုက် ပွဲဝင်ကင်းလှည့်နယ်မြေတွေထဲမှာ ယာယီရေငုပ်သင်္ဘောတိုက်ဖျက်ရေးရှေ့တန်းစခန်းအဖြစ် ချက်ချင်းတပ်ဖြန့်ချ ထားလို့ ရနိုင်ပါတယ်။” ဟု သတင်းရင်းမြစ်က TASS ကို ပြောသည်။
တည်ဆောက်ပြီးစီးသွားသည့်အချိန်တွင် အဆိုပါသင်္ဘောသည် ရုရှားရေတပ်အတွက် ပထမဦးဆုံး မောင်းသူမဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်ဖြစ်လာမည်ဖြစ်သည်။ ရုရှားရေတပ်သည် မိုင်းခင်းရေငုပ်သင်္ဘောနှင့် တော်ပီဒိုရေငုပ်သင်္ဘောများကဲ့သို့ မောင်းသူမဲ့ ရေငုပ်သင်္ဘောများကိုလည်း အတွဲလိုက် ထုတ်လုပ်လျက်ရှိသည်။
Ref: Russian Navy Developing Unmanned Submarine Hunter
#PeopleMedia
(unicode)
…………………………………………………………
Ref: Russian Navy Developing Unmanned Submarine Hunter
#PeopleMedia