မော်လမြိုင်မြို့နယ်၌ သဲတင်ယာဉ်မှ ကျောင်းသားများကိုရှောင်ရာ ယာဉ်တိမ်းမှောက်ခဲ့ပြီး ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိ
PUBLISHED - December 21, 2021
မော်လမြိုင်၊ ဒီဇင်ဘာ ၂၁ (People Media)
ဒီဇင်ဘာ ၂၀ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ကုန်းဈေးအကျော်၊ ကျိုက္ခမီလမ်းမကြီး၌ သဲများ တင်ဆောင်လာသည့်ယာဉ်(ဖောကား)သည့် လမ်းဖြတ်ကူးမည့် ကျောင်းသားများကိုရှောင်ရာ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၂ ဦးသည် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိကြောင်း ဘိုဘိုဝင်းလူမှုကူညီရေး အသင်းမှ သိရသည်။
“ကားက လမ်းဖြတ်ကူးတဲ့ကလေးတွေမြင်လို့ ရှောင်ရင်းနဲ့ တုံးလုံးလှဲသွားတယ်။ တုံးလုံးလှဲသွားပြီးမှ ကားက ကလေး ၂ ယောက်ကို အဖျားခတ်ပြီးတော့မှ ထိသွားတာ။ ဒဏ်ရာကတော့မပြင်းပါဘူး” လို့ ဘိုဘိုဝင်းလူမှုကူ ညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဉ်တိမ်းမှောက်ကာ ကျောင်းသား(၂)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူကို ဥပဒေအရအရေး ယူထားပြီး၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသည့် ယာဉ်မောင်းနှင့် ယာဉ်ကူမှာ တော့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
ဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအသင်းနှင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှ သွားရောက်ကူညီဆောက်ရွက်ပေးခဲ့သည်။
Photo – Credit
#PeopleMedia #မော်လမြိုင်မြို့ #ယာဉ်တိန်းမှောက်
(unicode)
……………………………………………………………
Photo – Credit