မော်လမြိုင်မြို့၌ အရက်ကြောင်နေသည့် အမျိုးသားတစ်ဦးသည် မိသားစုဝင်များနေအိမ်၌ မရှိခင် နေအိမ်ရှိ ရေ တွင်းထဲသို့ ခုန်ချရာ သေဆုံးမှု ဖြစ်ပေါ်ခဲ့

PUBLISHED - January 13, 2022
မော်လမြိုင်၊ ဇန်နဝါရီ ၁၃ (People Media)
ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နေအိမ်တစ်အိမ်၌ အရက်ကြောင်သည့် အမျိုးသားတစ်ဦးသည် မိသားစုဝင်များ နေအိမ်၌ မရှိခင် နေအိမ်ရှိ ရေတွင်းထဲသို့ ခုန်ချရာ သေဆုံးမှု ဖြစ်ပေါ်ခဲ့ သည်။
“သူက အရက်ကြောင်နေတာ။ မိသားစုတွေက သူ့ကိုနေအိမ်အပေါ်ထပ်မှာထားတာ။ မနေ့ကအခန်းဖွင့်ကြည့် တော့ သူကမရှိတော့ဘူး။ အိမ်ကလူတွေက လိုက်ရှာတော့ ရေတွင်းဘေးမှာ နာရီ ထားခဲ့တယ်။ ရေတွင်းထဲမှာ သေဆုံးနေတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း လူမှုကူညီရေး အသင်းတာဝန်ရှိသူ အချို့က ပြောသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလက စစ်ကိုင်းမြို့၊ ပိုးတန်းရပ်၊ နယ်မြေ (၄) တွင် စိတ်ကျန်းမာရေး ခံစားနေရ သည့် အမျိုးသားတစ်ဦးမှ နေအိမ်၌ မိသားစုဝင်များမရှိခင် ၎င်းနေအိမ်အား မီးရှို့ခဲ့သည်။
Photo – Credit
#PeopleMedia #မော်လမြိုင်မြို့
(unicode)
……………………………………………………………………
Photo – Credit