မော်လမြိုင်မြို့၌ ပျောက်ဆုံးသွားသည့် အသက်လေးနှစ်အရွယ် ကလေးငယ်ကို ဆံတော်ရှင်ဦးဇိနစေတီတော် အနီးရှိ ရေပြည့်နေသည့် အမှိုက်ကန်၌ သေဆုံးလျှက်တွေ့ရှိ

PUBLISHED - November 22, 2021
မော်လမြိုင်၊ နိုဝင်ဘာ ၂၂ (People Media)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဆံတော်ရှင်ဦးဇိနစေတီတော် တောင်ဘက်မုဒ်အနီးရှိ ရေပြည့်နေသည့် အမှိုက် ကန်ထဲ၌ အသက်လေးနှစ်အရွယ်ရှိ ပုပ်ပွသေဆုံးနေသော ကလေးငယ်တစ်ဦး၏ အလောင်းကို ယနေ့ နံ နက်ပိုင်းက တွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်မှာ ကလေး၏မိဘများသည် မော်လမြိုင်မြို့ရှိ ဦးဇိနစေတီတော်အနီးရှိ ဘုန်းကြီးကျောင်းတွင် ပန်းရံ လုပ်ကိုင်နေပြီး မိဘများအလုပ်လုပ်ကိုင်နေစဉ်အတွင်း ကလေးမှာကစားနေရင်း ပျောက်ဆုံးသွားကြောင်း သိရပါတယ်။
“ပျောက်သွားတာက ၁၉ ရက်နေ့မှာ ပျောက်သွားတာ ခုမှပြန်တွေ့တာ။ မိဘတွေက အဲ့မှာ ပန်းရံလုပ်နေကြ တာ။ ကလေးကို သူတို့က ခေါ်သွားတာ။ ကလေးကတစ်ယောက်ထဲ ကစားနေရင်းနဲ့ ပျောက်သွားတာ” လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောပါတယ်။
အဆိုပါ ပုပ်ပွသေဆုံးနေသည့်ကလေးငယ်၏ အလောင်းကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။
Photo – Credit
#PeopleMedia #မော်လမြိုင်
(unicode)
…………………………………………………………
Photo – Credit