မော်လမြိုင်နှင့် လှိုင်သာယာတို့တွင် အိမ်ခြေယာမဲ့အမျိုးသား (၂) ဦး သေဆုံး
PUBLISHED - February 22, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တို့တွင် အိမ်ခြေယာမဲ့ အမျိုးသား (၂) ဦး သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၂ နာရီကျော်အချိန်တွင် မော်လမြိုင်မြို့၊ မဟာမြတ်မုနိဘုရားနှင့် ကျိုက်သလန် ဘုရားနှစ်ဆူကြားတွင် အသက် ၆၀ နှစ်အရွယ် အိမ်ခြေယာမဲ့ အမျိုးသား (၁) ဦး သေဆုံးခဲ့ကြောင်း မော်လမြိုင် Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
သေဆုံးသူသည် အသက် ၆၀ နှစ်အရွယ်ရှိ ဦးမာန်နွဲ့ဆိုသူဖြစ်ပြီး၊ အဆိုပါ အမျိုးသားအလောင်းအား မော်လ မြိုင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ထို့အတူ လှိုင်သာယာမြို့နယ် (၆) ရပ်ကွက် အောင်မြေသာယာဘုရားမြောက်ဘက်မုဒ်အနီး လမ်းဘေးတစ် နေရာတွင် ယနေ့ နံနက် ၉ နာရီကျော်အချိန်က အိမ်ခြေယာမဲ့ အမျိုးသား (၁) ဦး သေဆုံးခဲ့ကြောင်း ကရုဏာ တွဲလက်မှ သိရသည်။
သေဆုံးသူမှာ အသက် ၆၀ နှစ်အရွယ် အမျိုးသား (၁) ဦး ဖြစ်ပြီး၊ အဆိုပါ အမျိုးသားအလောင်းအား လှိုင်သာ ယာဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia
(unicode)
………………………………………..
#PeopleMedia