မော်လမြိုင် PDO ဥက္ကဋ္ဌ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားကြောင်း အဆိုပါအဖွဲ့ ထုတ်ပြန်
PUBLISHED - August 21, 2021
နေပြည်တော်၊ သြဂုတ် ၂၁ (People Media)
မွန်ပြည်နယ်၊ မော်လမြိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) ဥက္ကဋ္ဌဖြစ်သူ ကိုပိုင်သည် သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် ကျဆုံးသွားကြောင်း ယင်း PDO အဖွဲ့မှ ထုတ်ပြန်သည်။
PDO ဥက္ကဋ္ဌဖြစ်သူ ကိုပိုင်သည် စားနပ်ရိက္ခာ ခက်ခဲနေသည့် အဖွဲ့ဝင်ရဲဘော်များအတွက် ရိက္ခာသွားပို့ဆောင်ရာ လမ်းခရီးတွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် ကျဆုံးသွားခဲ့ကြောင်း၊ ကျဆုံးသွားတဲ့ ခေါင်းဆောင်၏ ဆန္ဒအရ အမျှဝေခြင်းနှင့် ပြန်တမ်းထုတ်ပြန်ခြင်းတို့ကို ပြုလုပ်မှာမဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ မော်လမြိုင် PDO အဖွဲ့ကို နာယကတစ်ဦးဖြစ်သည့် ကိုနွေဦးက ဦးဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့ကို မေလ ၁၃ ရက်နေ့မှ စတင်ဖွဲ့ခြင်းဖြစ်သည်။
#PeopleMedia #မော်လမြိုင် #PDF
(unicode)
……………………………………………………………