ေမာ္ေတာ္ယာဥ္မ်ား၌ သာသနာအလံ တပ္ဆင္ျခင္းကုိ အေရးယူရန္ မုံရြာေအာင္ရွင္ ေျပာဆုိဟူေသာ သတင္းအမွားကုိ ဘက္မလုိက္ သတင္းဂ်ာနယ္ အမည္ခံ Page ေဖာ္ျပထား

PUBLISHED - August 27, 2020
ရန္ကုန္၊ ၾသဂုတ္-၂၇
ေမာ္ေတာ္ယာဥ္မ်ား၌ သာသနာအလံ တပ္ဆင္ျခင္းကုိ အေရးယူရန္ မုံရြာေအာင္ရွင္ ေျပာဆုိဟူေသာ သတင္းအမွားကုိ ဘက္မလုိက္ သတင္းဂ်ာနယ္ အမည္ခံ Page ၌ ေဖာ္ျပထားသည္။
အဆုိပါ Page သည္ People Media သတင္းဌာန၏ သတင္းအခ်ဳိ႕ကုိ ခြင့္ျပဳ႕ခ်က္မရွိ ကူယူေဖာ္ျပေနသလုိ သတင္းအမွားအခ်ဳိ႕ကုိ လုပ္ၾကံဖန္တီး၍ ေဖာ္ျပေနေသာ Page တစ္ခုျဖစ္သည္။
အဆုိပါ သတင္းမွားအေပၚ PeopleMedia က မုံရြာေအာင္ရွင္ထံ ဆက္သြယ္ေမးျမန္းရာတြင္ “အဲဒါေလး ကေတာ္ေတာ္ေလးကို မေန႔ကေကာတေန႔ကေကာ ကြ်န္ေတာ္ေျဖရွင္းၿပီးပါၿပီ။ ဒါေတြကသတင္းအတုေတြ၊ သတင္းအမွားေတြ။ ဒါလုပ္ႀကံသတင္းေတြဆိုတာ ကြ်န္ေတာ္ေျပာၿပီးပါၿပီ။ အဲဒီတင္တဲ့သတင္းဌာနက ဘယ္သူမွန္းလည္းမသိဘူး။ ကြ်န္ေတာ္တို႔မသိဘူး။ ပုံကေတာ့ ဘယ္ကသုံးသုံးရပါတယ္။ ကြ်န္ေတာ္ျဖင့္ ဒါကိုေခါင္းထဲကိုမရွိဘူး။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ဆီက ကေလးေတြကလိုက္ၿပီး စုံစမ္းေဖာ္ထုတ္ေနတယ္။ ေပၚသြားရင္ေတာ့ ဥပေဒအရ အေရးယူမွာပါ။ ဒါေတာ္ေတာ္ညစ္ပတ္တဲ့အလုပ္ပါပဲ”ဟု ၎ကေျပာသည္။
အဆုိပါသတင္းမွားကုိ Like ျပဳလုပ္သူ ၁၇၀၀ ေက်ာ္၊ ကြန္းမန္႔ေပးသူ ၁၉၀၀ ေက်ာ္ႏွင့္ Shares ျပဳလုပ္သူ ၂၃၀၀ ရွိေနၿပီျဖစ္သည္။
#PeopleMedia #သတင္းမွား #NLD #မုံရြာေအာင္ရွင္
(unicode)
မော်တော်ယာဉ်များ၌ သာသနာအလံ တပ်ဆင်ခြင်းကို အရေးယူရန် မုံရွာအောင်ရှင် ပြောဆိုဟူသော သတင်းအမှားကို ဘက်မလိုက် သတင်းဂျာနယ် အမည်ခံ Page ဖော်ပြထား
………………………………………………………
ရန်ကုန်၊ ဩဂုတ်-၂၇
မော်တော်ယာဉ်များ၌ သာသနာအလံ တပ်ဆင်ခြင်းကို အရေးယူရန် မုံရွာအောင်ရှင် ပြောဆိုဟူသော သတင်းအမှားကို ဘက်မလိုက် သတင်းဂျာနယ် အမည်ခံ Page ၌ ဖော်ပြထားသည်။
အဆိုပါ Page သည် People Media သတင်းဌာန၏ သတင်းအချို့ကို ခွင့်ပြု့ချက်မရှိ ကူယူဖော်ပြနေသလို သတင်းအမှားအချို့ကို လုပ်ကြံဖန်တီး၍ ဖော်ပြနေသော Page တစ်ခုဖြစ်သည်။
အဆိုပါ သတင်းမှားအပေါ် PeopleMedia က မုံရွာအောင်ရှင်ထံ ဆက်သွယ်မေးမြန်းရာတွင် “အဲဒါလေး ကတော်တော်လေးကို မနေ့ကကောတနေ့ကကော ကျွန်တော်ဖြေရှင်းပြီးပါပြီ။ ဒါတွေကသတင်းအတုတွေ၊ သတင်းအမှားတွေ။ ဒါလုပ်ကြံသတင်းတွေဆိုတာ ကျွန်တော်ပြောပြီးပါပြီ။ အဲဒီတင်တဲ့သတင်းဌာနက ဘယ်သူမှန်းလည်းမသိဘူး။ ကျွန်တော်တို့မသိဘူး။ ပုံကတော့ ဘယ်ကသုံးသုံးရပါတယ်။ ကျွန်တော်ဖြင့် ဒါကိုခေါင်းထဲကိုမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆီက ကလေးတွေကလိုက်ပြီး စုံစမ်းဖော်ထုတ်နေတယ်။ ပေါ်သွားရင်တော့ ဥပဒေအရ အရေးယူမှာပါ။ ဒါတော်တော်ညစ်ပတ်တဲ့အလုပ်ပါပဲ”ဟု ၎င်းကပြောသည်။
အဆိုပါသတင်းမှားကို Like ပြုလုပ်သူ ၁၇၀၀ ကျော်၊ ကွန်းမန့်ပေးသူ ၁၉၀၀ ကျော်နှင့် Shares ပြုလုပ်သူ ၂၃၀၀ ရှိနေပြီဖြစ်သည်။
#PeopleMedia #သတင်းမှား #NLD #မုံရွာအောင်ရှင်