• Follow Us on

Home မှော်ဘီမြို့နယ်၌ ပြန်ပေးဆွဲခံထားရသော အမျိုးသားတစ်ဦး သံလှောင်အိမ်ထဲ၌ ချုပ်နှောင်ခြင်းခံရပြီးနောက် လက်ချောင်းအချို့ ဖြတ်တောက်ခံထားရ

မှော်ဘီမြို့နယ်၌ ပြန်ပေးဆွဲခံထားရသော အမျိုးသားတစ်ဦး သံလှောင်အိမ်ထဲ၌ ချုပ်နှောင်ခြင်းခံရပြီးနောက် လက်ချောင်းအချို့ ဖြတ်တောက်ခံထားရ

Share this post

မှော်ဘီ၊ ဖေဖော်ဝါရီ ၂၁

 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရေတာကျေးရွာ(ဒေသအခေါ် ဒေါင်း လေးကွေ့) ရှိ နေအိမ်ကို သတင်းအရ တပ်မတော်သားများက ဝင်ရောက်စီးနင်းရာ သံလှောင်အိမ်ထဲ၌ ချုပ် နှောင်ခြင်းခံထားရပြီး လက်ချောင်းအချို့ ဖြတ်တောက်ခံထားရသော အမျိုးသားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ သည်။

 

“အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲပြီး နေအိမ်ထဲရှိ သံလှောင်အိမ်ထဲမှာထည့်ပြီး ဖမ်းထားတာ။ အဲ့ဒီအမျိုးသားရဲ့ လက်ချောင်းတွေလည်း ဖြတ်တောက်ခံထားရတယ်။ အိမ်ပိုင်ရှင်ကတော့ ဦးဇော်ဝင်းသိန်းအိမ်ပါ။ သူကတော့ မှော်ဘီမြို့ မြေစာရင်းကပါ” လို့ အဆိုပါဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

 

အဆိုပါ နေအိမ်ကို ဝင်ရောက်စီးနင်းရာတွင် ပြန်ပေးဆွဲအဖွဲ့ဝင်များဖြစ်သည့် ထွန်းထွန်း၊ မင်းဇော်ဦး၊ အောင်မျိုး ပိုင်၊ ကျော်ဝေတို့ကို ဖမ်းဆီးခဲ့သလို ၎င်းတို့ကို စေခိုင်းခဲ့သည့် တရုတ်နိုင်ငံသား ဟီယွမ်ဝမ်နှင့် ယာဉ်မောင်း အိုက်လူတို့ကို တပ်က ဖမ်းဆီးနိုင်ခဲ့သည်။

 

အလားတူ နေအိမ်အတွင်း၌ ပြန်ပေးဆွဲသမားများကိုင်ဆောင်သည့် ပစ္စတိုတစ်လက်နှင့် ကျည် ၈ တောင့်ကို သိမ်းဆည်းနိုင်ခဲ့သည်။

 

လက်ရှိအချိန်၌ အိမ်ပိုင်ရှင်ဖြစ်သူကို ဖမ်းဆီးခြင်းမရှိသလို နေအိမ်ကိုလည်း ချိတ်ပိတ်ခြင်းမရှိကြောင်း သိရ သည်။

 

လက်ရှိအချိန်၌ ကျူးလွန်သူများကို မှော်ဘီမြို့နယ်၊ ထန်းတပင်ရဲစခန်း၌ (ပ) ၈/၂၃၊ ပုဒ်မ ၃၆၅/၃၈၇ ဖြင့် အမှုဖွင့် အရေးယူထားသည်။

 

#PeopleMedia #မှော်ဘီမြို့ #ပြန်ပေးဆွဲမှု

 

(unicode)


……………………………………

 


 


 


 


 


 


 


 



Share this post