• Follow Us on

Home ရေငန်ကို ရေချိုသုံးရေအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ရေငန်ကို ရေချိုသုံးရေအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ မတ် ၁

 

ရေငန်ကို ရေချိုသုံးရေအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့ရေပေးဝေရေး စီမံဆောင်ရွက်ထားရှိမှုအခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြို့နေပြည်သူလူထုတို့၏ နေ့စဉ်သုံးရေလိုအပ်ချက်ပမာဏကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရေချိုကို သိုလှောင်၍ ဖြန့်ဖြူးပေးသည့် နည်းလမ်းအပြင် ဒေသတွင်းရှိ ရေငန်ကို ရေချိုသုံးရေအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့ပတ်ဝန်းကျင်ကို မထိခိုက်စေနိုင်မည့် မြို့၏မြောက် ဘက်ခြမ်းတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်ရေး ဆန်းစစ်သုတေသနပြုတိုင်းတာခြင်းကို အမြန်ဆုံးဆောင် ရွက်၍ ပြန်လည်တင်ပြရန်လိုကြောင်း၊ မြေအောက်ရေကို လုံလောက်စွာထုတ်ယူသုံးစွဲနိုင်မည့် အခြေအနေရှိ ပါကလည်း လောင်စာဆီအသုံးပြု၍ ရေတင်ခြင်းထက် လျှပ်စစ်ဖြင့် ရေတင်ခြင်း၊ ဆိုလာစွမ်းအင်သုံးလျှပ်စစ်ဖြင့် ရေတင်ခြင်းတို့ ဆောင်ရွက်နိုင်ရေးတွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

 

လက်ရှိ ကန်တော်ကြီးရေစုကန်၏ သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုတို့ကို ပြန်လည်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ရေစုကန်များ သတ်မှတ်ပမာဏအထိ ရေစုဆောင်းနိုင်မှုမရှိခြင်းသည် မိုးရေချိန်လုံလောက်စွာရရှိမှု မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ သစ်တောသယံဇာတများကို အလွန်အမင်း ထုတ်ယူသုံးစွဲခြင်း သည် ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးရွာရက်နည်းခြင်းနှင့်သဘာဝဘေးအန္တရာယ်တို့ကို ဖြစ်ပေါ် စေနိုင်သဖြင့် ဒေသအတွက်အကျိုးရှိသည့် လမုပင်အပါအဝင် သစ်တောသစ်ပင်စိုက်ပျိုးခြင်းများကို မဖြစ်မနေဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ သစ်ပင်သစ်တောများ များပြားစွာရှိမှသာလျင်ရေငွေ့ကို ထိန်းနိုင်မည်ဖြစ်ပြီး မိုးရေချိန်သည်လည်း များပြားစွာရရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသအကျိုးကို ရေရှည်ကြည့်၍ စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 

#PeopleMedia


Share this post