• Follow Us on
Latest News

Home ရေစကြိုမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသား/သူများစာမေးပွဲဖြေနေချိန် PDF မှ လာ ရောက်ပစ်ခတ်

ရေစကြိုမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသား/သူများစာမေးပွဲဖြေနေချိန် PDF မှ လာ ရောက်ပစ်ခတ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ပခန်းငယ်)၌ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိစဉ် ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် PDF များက လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်း ဖက်သမားများသည် ကျေးရွာ၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်သမားများသည် ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနှင့် စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ အသက် အန္တရာယ်ထိခိုက်စေရန်နှင့် ပညာသင်ကြားမှုကို ခြိမ်း ခြောက်ဟန့်တားရန် ရည်ရွယ်၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အဆိုပါအကြမ်းဖက်သမားများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 

#PeopleMedia


Share this post