ေရနံေခ်ာင္းၿမိဳ႕ေဒသခံမ်ားက ကေလးသူခိုးဟုယူဆ၍ ဝိုင္းဝန္းဖမ္းဆီးေပးခဲ့သည့္ အမ်ိဳးသားက စိတ္က်န္းမာေရး ဆရာဝန္ႏွင့္ျပသမည္
PUBLISHED - November 28, 2019
မေကြးတိုင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕၊ ေညာင္လွရြာသစ္ရပ္ကြက္ရွိ ေဒသခံမ်ားက ကေလးသူခိုးဟုယူဆ၍
ဝိုင္းဝန္းဖမ္းဆီးေပးခဲ့သည့္ အမ်ိဳးသားကိုမေကြးျပည္သူ့ ေဆး႐ုံမွ စိတ္ေရာဂါကုဆရာဝန္ႏွင့္သြားေရာက္ျပသရန္
စီစဥ္ထားလွ်က္ရွိေၾကာင္းသိရသည္။
ႏိုဝင္ဘာလ ၂၈ ရက္ နံနက္ ၁၀ နာရီအခ်ိန္ခန္႔တြင္ ေရနံေခ်ာင္းၿမိဳ႕ေညာင္လွရြာသစ္ရပ္ကြက္မွ ရာအိမ္မွဴး ဦးေက်ာ္ဦး၏ ေနအိမ္ေအာက္ထပ္တြင္ ေဆာ့ကစားေနသည့္ KG ေက်ာင္းသားကေလးငယ္၏လည္ပင္းကို သစ္သားတုတ္ ၃.၁ လက္မ အရွည္ ၂၄ လက္မခန္႔ျဖင့္ အမ်ိဳးသားတစ္ဦးကဖိထားသျဖင့္ ကေလးက ေအာ္ ဟစ္ရာ အိမ္နီးခ်င္းျဖစ္သူ မၿငိမ္းအိမြန္က ၎ေနအိမ္သို႔ ဝင္ေရာက္လာၿပီး ကေလးအားျပဳလုပ္ေနသူကို ေနာက္မွ ေျခေထာက္ျဖင့္ ေဆာင့္ကန္ရာ၎အမ်ိဳးသားက မၿငိမ္းအိမြန္အား ျပန္လည္႐ိုက္ႏွက္ခဲ့ေၾကာင္း သိရသည္။
မၿငိမ္းအိမြန္၏ ေအာ္ဟစ္အကူအညီေတာင္းခံမႈေၾကာင္း ရပ္ကြက္တြင္းေနထိုင္ၾကသူမ်ားေရာက္ရွိလာၿပီး ၎အမ်ိဳးသားကို ဝိုင္းဝန္း႐ိုက္ႏွက္ရဲလက္သို႔ အပ္ႏွံခဲ့ၾကေၾကာင္းသိရသည္။
ကေလးငယ္၏လည္ပင္းကိုသစ္သားတုတ္ႏွင့္ဖိထားသူမွာ ဆင္ေပါင္ဝဲၿမိဳ႕နယ္၊ သာဂီအုပ္စု၊ လက္ယက္ေက်းရြာ
ေနထိုင္သူ ဝင္းလြင္(၃၇)ႏွစ္ျဖစ္ေၾကာင္း၊ အခင္းမျဖစ္ခင္အခ်ိန္နာရီအခ်ိန္က ေဂြးကုန္ေက်းရြာအုပ္စု၊ ေဂြးကုန္း
လမ္းဆုံတြင္ အထုပ္တစ္ထုပ္ျဖင့္ေတြ႕ရ၍ ရဲတပ္ဖြဲ႕က မသကၤာ၍စခန္းသို႔ ေခၚေဆာင္စစ္ေဆးထိန္းသိမ္းထား ျခင္းျဖစ္ေၾကာင္းသိရသည္။
စိတ္ပုံမွန္မဟုတ္သည့္အေနအထားျဖစ္၍ရဲစခန္းတြင္ ေခတၱထိန္းသိမ္းထားစဥ္အခ်ိန္အတြင္းဝင္းလြင္သည္
နံနက္ ၁၀ နာရီအခ်ိန္ခန္႔တြင္စခန္းမွေညာင္လွရပ္ကြက္အတြင္းသို႔ ထြက္ေျပးသြားသျဖင့္ ေညာင္လွနယ္ေျမ ရဲစခန္းမွ လိုက္လံဖမ္းဆီးရာတြင္ဝင္းလြင္က ရဲတပ္ဖြဲ႕ဝင္မ်ားကို ျပန္လည္ခုခံထြက္ေျပးလြတ္ေျမာက္သြား
ခဲ့ျခင္းျဖစ္ေၾကာင္းရဲမွတ္တမ္းမ်ားအရသိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး စိတ္မူမမွန္သည့္အေနအထားမ်ားဝင္းလြင္ထံတြင္ ေတြ႕ရွိေနရေသာေၾကာင့္ ေညာင္လွ နယ္ေျမရဲစခန္းက ဒုရဲအုပ္ေနမင္းထြန္းဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ားက ဝင္းလြင္ကို မေကြးျပည္သူ့ ေဆး႐ုံမွ စိတ္ ေရာဂါကုဆရာဝန္ထံသို႔သြားေရာက္ပို႔ေဆာင္ျပသရန္ ေဆာင္ရြက္လွ်က္ရွိေနေၾကာင္းသိရသည္။
(Unicode)
ရေနံချောင်းမြို့ဒေသခံများက ကလေးသူခိုးဟုယူဆ၍ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သည့် အမျိုးသားက စိတ်ကျန်းမာရေး ဆရာဝန်နှင့်ပြသမည်
…………………………………………………………
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ညောင်လှရွာသစ်ရပ်ကွက်ရှိ ဒေသခံများက ကလေးသူခိုးဟုယူဆ၍
ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သည့် အမျိုးသားကိုမကွေးပြည်သူ့ ဆေးရုံမှ စိတ်ရောဂါကုဆရာဝန်နှင့်သွားရောက်ပြသရန်
စီစဉ်ထားလျှက်ရှိကြောင်းသိရသည်။
နိုဝင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ရေနံချောင်းမြို့ညောင်လှရွာသစ်ရပ်ကွက်မှ ရာအိမ်မှူး ဦးကျော်ဦး၏ နေအိမ်အောက်ထပ်တွင် ဆော့ကစားနေသည့် KG ကျောင်းသားကလေးငယ်၏လည်ပင်းကို သစ်သားတုတ် ၃.၁ လက်မ အရှည် ၂၄ လက်မခန့်ဖြင့် အမျိုးသားတစ်ဦးကဖိထားသဖြင့် ကလေးက အော် ဟစ်ရာ အိမ်နီးချင်းဖြစ်သူ မငြိမ်းအိမွန်က ၎င်းနေအိမ်သို့ ဝင်ရောက်လာပြီး ကလေးအားပြုလုပ်နေသူကို နောက်မှ ခြေထောက်ဖြင့် ဆောင့်ကန်ရာ၎င်းအမျိုးသားက မငြိမ်းအိမွန်အား ပြန်လည်ရိုက်နှက်ခဲ့ကြောင်း သိရသည်။
မငြိမ်းအိမွန်၏ အော်ဟစ်အကူအညီတောင်းခံမှုကြောင်း ရပ်ကွက်တွင်းနေထိုင်ကြသူများရောက်ရှိလာပြီး ၎င်းအမျိုးသားကို ဝိုင်းဝန်းရိုက်နှက်ရဲလက်သို့ အပ်နှံခဲ့ကြကြောင်းသိရသည်။
ကလေးငယ်၏လည်ပင်းကိုသစ်သားတုတ်နှင့်ဖိထားသူမှာ ဆင်ပေါင်ဝဲမြို့နယ်၊ သာဂီအုပ်စု၊ လက်ယက်ကျေးရွာ
နေထိုင်သူ ဝင်းလွင်(၃၇)နှစ်ဖြစ်ကြောင်း၊ အခင်းမဖြစ်ခင်အချိန်နာရီအချိန်က ဂွေးကုန်ကျေးရွာအုပ်စု၊ ဂွေးကုန်း
လမ်းဆုံတွင် အထုပ်တစ်ထုပ်ဖြင့်တွေ့ရ၍ ရဲတပ်ဖွဲ့က မသင်္ကာ၍စခန်းသို့ ခေါ်ဆောင်စစ်ဆေးထိန်းသိမ်းထား ခြင်းဖြစ်ကြောင်းသိရသည်။
စိတ်ပုံမှန်မဟုတ်သည့်အနေအထားဖြစ်၍ရဲစခန်းတွင် ခေတ္တထိန်းသိမ်းထားစဉ်အချိန်အတွင်းဝင်းလွင်သည်
နံနက် ၁၀ နာရီအချိန်ခန့်တွင်စခန်းမှညောင်လှရပ်ကွက်အတွင်းသို့ ထွက်ပြေးသွားသဖြင့် ညောင်လှနယ်မြေ ရဲစခန်းမှ လိုက်လံဖမ်းဆီးရာတွင်ဝင်းလွင်က ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံထွက်ပြေးလွတ်မြောက်သွား
ခဲ့ခြင်းဖြစ်ကြောင်းရဲမှတ်တမ်းများအရသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး စိတ်မူမမှန်သည့်အနေအထားများဝင်းလွင်ထံတွင် တွေ့ရှိနေရသောကြောင့် ညောင်လှ နယ်မြေရဲစခန်းက ဒုရဲအုပ်နေမင်းထွန်းဦးစီးသည့် တပ်ဖွဲ့ဝင်များက ဝင်းလွင်ကို မကွေးပြည်သူ့ ဆေးရုံမှ စိတ် ရောဂါကုဆရာဝန်ထံသို့သွားရောက်ပို့ဆောင်ပြသရန် ဆောင်ရွက်လျှက်ရှိနေကြောင်းသိရသည်။
#PeopleMedia