• Follow Us on
Latest News

Home ရေလမ်းကြောင်းအသုံးပြု၍ ဖမ်းမိသည့် ဘင်္ဂါလီများကို လုံခြုံရေးအစောင့်အကြပ်ဖြင့် ကြံခင်းမြို့နယ်၌ ယာယီနေရာချ


Share this post

ရန်ကုန်၊ စက်တင်ဘာ – ၁

ရခိုင်ပြည်နယ်ရှိ ဘဂါင်္လီဒုက္ခသည်စခန်းများ၌ နေထိုင်သည့် ဘင်္ဂလီများသည် ရေလမ်းကြောင်း အသုံးပြုဝင်ရောက်လာစဉ် သြဂုတ်လ(၂၇)ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ရေပြင်ဧရိယာ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အစည်းများက ဖမ်းဆီးလိုက်ပါတယ်။






Photo – credit


(unicode)
ရေလမ်းကြောင်းအသုံးပြု၍ ဖမ်းမိသည့် ဘင်္ဂါလီများကို လုံခြုံရေးအစောင့်အကြပ်ဖြင့် ကြံခင်းမြို့နယ်၌ ယာယီနေရာချ
………………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁

ရခိုင်ပြည်နယ်ရှိ ဘဂင်္ါလီဒုက္ခသည်စခန်းများ၌ နေထိုင်သည့် ဘင်္ဂလီများသည် ရေလမ်းကြောင်း အသုံးပြုဝင်ရောက်လာစဉ် ဩဂုတ်လ(၂၇)ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ရေပြင်ဧရိယာ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အစည်းများက ဖမ်းဆီးလိုက်ပါတယ်။

အဆိုပါ ဘင်္ဂလီ (၄၂)ဦးကို လမ်းပြအဖြစ်ဆောင်ရွက်သူ(၄)ဦးခန့်သည် ရခိုင်တိုင်းရင်းသားများဖြစ်ပြီး အဆိုပါ ရခိုင်တိုင်း ရင်းသားများကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့က သီးခြားစစ်ဆေးလျက်ရှိပါတယ်။

လက်ရှိအချိန်၌ ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းမိခဲ့သည့် ဘင်္ဂါလီများကို ကြံခင်းမြို့နယ်၌ ယာယီထားရှိပြီး COVID-19 နှင့် ပတ်သက်သည့် ကျန်းမာရေး စစ်ဆေးချက်များဆောင်ရွက်လျက်ရှိသလို ရဲတပ်ဖွဲ့ကလည်း လုံခြုံရေး ဆောင်ရွက်ထားပါတယ်။

“ကျွန်တော်တို့ အခုဆို လိုအပ်တာတွေ ပို့ပြီးတော့ စစ်ဆေးချက်တွေ လုပ်နေပါပြီ၊ သူတို့ကို ဘယ်တော့ ပြန်ပို့မလည်း ဆိုတာကတော့ ကျွန်တော်အနေနဲ့ ပြောဖို့ အခတ်အခဲ ရှိတယ်၊ တိုင်းဒေသကြီး အစိုးရကိုဘဲ သိနိုင်မယ်”လို့ ကြံခင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးသော်ဇင်ဝင်းက ပြောပါတယ်။

အဆိုပါ ဘင်္ဂါလီများကို ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ဘင်္ဂလီများ မူလနေထိုင်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများကို ပြန်လည်ပို့ဆောင်သွားမယ်လို့ တိုင်းအစိုးရအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဘင်္ဂလီများသည် ရခိုင်ပြည်နယ်နှင့် ထွက်ပေါက်မြို့များဖြစ်သည့် မကွေးတိုင်းအတွင်းသို့ ကုန်းလမ်းခရီးဖြင့်လည်း ကောင်း၊ဧရာဝတီတိုင်းသို့ ကုန်းလမ်း၊ရေလမ်း အသုံးပြု့၍ ခိုဝင်မှုများကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Photo – credit

#PeopleMedia #ဘင်္ဂလီ #ဧရာဝတီတိုင်းအစိုးရအဖွဲ့


Share this post