ရေဦးမြို့နယ်၊ တင်းတိမ်ယံစံပြကျေးရွာအနီး၌ လုံခြုံရေးအဖွဲ့များနှင့် ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်း ထန်နေ

PUBLISHED - November 16, 2021
စစ်ကိုင်း၊ နိုဝင်ဘာ ၁၆ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ တင်းတိမ်ယံစံပြကျေးရွာအနီး၌ လုံခြုံရေးအဖွဲ့များနှင့် ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံအချို့ထံက သိရပါတယ်။
“ဒီနေ့ နံနက် ၁၀ နာရီမှာ သေနတ်သံတွေ ဆူညံနေတယ်။ အသံမျိုးစုံကြားနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တင်းတိမ်ယံကျေးရွာ၌ မနေ့ညပိုင်းက တိုက်ပွဲသံများ အနည်းငယ်ကြားနေရပြီး လက်ရှိအချိန်၌ ပိုမိုကျယ် လောင်စွာ ကြားနေရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးသည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့်နေရာ တစ်ခုဖြစ်ပါတယ်။
လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အဖွဲ့များ အားကောင်းသည့်နေရာများကို လုံခြုံရေးအဖွဲ့ များက ရှင်းလင်းလျက်ရှိနေပါတယ်။
#PeopleMedia #ရေဦးမြို့နယ် #တင်းတိမ်ယံစံပြကျေးရွာ
(unicode)
……………………………………………………….