ရေဦးမြို့နယ်၌ အသက် ၆၀ အရွယ်ရှိ အမျိုးသားနှင့် ၎င်း၏ သား ၃ ယောက် လုပ်ကြံခံရ၍ သေဆုံး

PUBLISHED - January 31, 2022
မုံရွာ၊ ဇန်နဝါရီ ၃၁ (People Media)
ဇန်နဝါရီ ၂၉ ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့၊ မုတ်စီရွာ၌ အသက် ၆၀ အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် ၎င်း၏ သား ၃ ယောက်သည် နေအိမ်၌ ရှိနေစဉ် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက် ညပိုင်းက ရေဦးမြို့၊ မုတ်စီရွာ၌ နေထိုင်သည့် မိသားစုဝင် ၄ ဦး၏ နေအိမ် အတွင်းသို့ တူမီးနှင့် တုတ်၊ ဓါးများ ကိုင်ဆောင်သည့် လက်နက်ကိုင်တစ်စုက ဝင်ရောက်ပြီး လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
“အိမ်တစ်အိမ်ထဲမှာ အမျိုးသား ၄ ယောက် အသက်ခံရတာ။ အသက်အရွယ်က ၆၀ ကျော်၊ ၄၀ ဝန်းကျင် နှစ်ယောက်၊ ၃၀ ဝန်းကျင်တစ်ယောက်” ဟု လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အသတ်ခံရသည့် အမျိုးသား ၄ ဦး၏ ရုပ်အလောင်းများတွင် ဓါးဒဏ်ရာများ သေနတ်ဒဏ်ရာများ အပါအဝင် မျက်လုံးကို သေနတ်ဖြင့် ပစ်ဖောက်ခဲ့သည့်ဒဏ်ရာများလည်း ပါဝင်ကြောင်း ဒေသခံများ၏ ပြော ဆိုချက်အရ သိရသည်။
ရေဦးမြို့နယ်ရှိ ကျေးရွာများ၌ မကြာခဏ ဒေသခံများသည် နည်းလမ်းမျိုးစုံဖြင့် လုပ်ကြံခံရ၍ သေဆုံးလျက်ရှိ နေသည်။
#PeopleMedia #ရေဦးမြို့
(unicode)
ရေဦးမွို့နယျ၌ အသကျ ၆၀ အရှယျရှိ အမြိုးသားနှင့ျ ၎င်းငျး၏ သား ၃ ယောကျ လုပျကွံခံရ၍ သဆေုံး
…………………………………………………..