ရေဦးမြို့တွင် အမျိုးသမီးနှစ်ဦး အသတ်ခံရ၊ အသတ်ခံရသည့်နှစ်ဦးအနက် တစ်ဦးမှာ လက်နောက်ပြန်ကြိုး တုပ်ပြီး ရက်စက်စွာသတ်ဖြတ်ခံရ

PUBLISHED - February 21, 2022
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့၊ ရွာမဿရွာ၊ မူးဘောင်၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အမျိုး သမီးနှစ်ဦးအသတ်ခံခဲ့ပြီး၊ အသတ်ခံရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ လက်နောက်ပြန်ကြိုးတုပ်ပြီး ရက်စက်စွာ အသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“တစ်နေရာထဲမှာ အမျိုးသမီးနှစ်ယောက်အသတ်ခံရတာ။ အမျိုးသမီးတစ်ယောက်က လက်နောက် ပြန်ကြိုး တုပ်ပြီး ဓားဒဏ်ရာတွေနဲ့ အသတ်ခံရတာ တစ်ယောက်ကြတော့ အဲ့ဒီနေရာရဲ့ သစ်ပင်အောက်မှာ ဓားဒဏ်ရာ နဲ့ အသတ်ခံရတာ” လို့ ဒေသခံတစ်ဦးမှပြောသည်။
အဆိုပါ အမျိုးသမီးနှစ်ဦးအား မည်သည့်ကြောင့် သတ်သွားသည်ကိုတော့ အတိအကျမသိရှိကြောင်း၊ ယင်း အမျိုးသမီးနှစ်ဦးသတ်ခံရမှုနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ရှိ ဇီးကုန်းမြို့မဈေးသို့ ခရမ်းချဉ်သီး များပို့ဆောင်စဉ် ဈေးအတွင်း၌ အမျိုးသားတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်။
Photo – Credit
#PeopleMedai #ရေဦးမြို့
(unicode)
…………………………………………………………………
Photo – Credit