ရေဦးမြို့နယ်၌ အမျိုးသားတစ်ဦး သစ်ပင်တွင် လက်နောက်ပြန်ကြိုးတုတ်ခံရပြီးနောက် သတ်ဖြတ်ခံရ

PUBLISHED - January 28, 2022
မုံရွာ၊ ဇန်နဝါရီ ၂၈ (People Media)
ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့၊ ပုန္တကားရွာ၊ ကုန်ထုတ်လမ်း အနီးရှိ သစ်ပင်၌ အမျိုးသားတစ်ဦးသည် လက်နောက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ခံထားရသော အလောင်း တွေ့ရှိခဲ့သည်။
“သူနာမည်က ကိုအောင်ကြီး အသက်က (၃၃) နှစ်။ မနေ့ကပျောက်နေတာ။ ဒီမနက်ကြတော့ သစ်ပင်မှာ လက်ကိုကြိုးတုတ်ပြီး သတ်ထားကြတာ။ ဒီမှာက တစ်နေ့တမျိုးမရိုးရအောင် သတ်နေကြတာ” ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါသေဆုံးသူအမျိုးသားသည် ပုဏ္ဏကားပင်စီရွာ၌ နေထိုင်သူတစ်ဦးဖြစ်သည်။
Photo – Credit
#PeopleMedia #ရေဦးမြို့
(unicode)
……………………………………………………………
Photo – Credit