ေရာဂါလကၡဏာမျပသည့္COVID-19 လူနာမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္အမ်ားအျပား႐ွိေနႏိုင္ေၾကာင္း ေတာင္ကိုရီးယားသိပၸံပညာ႐ွင္မ်ားေတြ႕႐ွိ

PUBLISHED - August 8, 2020
ဝါ႐ွင္တန္၊ ၾသဂုတ္ ၇
ေရာဂါလကၡဏာျပသည္ျဖစ္ေစ၊ မျပသည္ျဖစ္ေစ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူမ်ား၏ႏွာေခါင္း၊ လည္ေခ်ာင္းႏွင့္ အဆုတ္တို႔တြင္ ေရာဂါပိုးပမာဏညီတူမွ်တူသယ္ေဆာင္ထားသည္ဟု ေတာင္ကိုရီးယားႏိုင္ငံမွေလ့လာမႈအသစ္တစ္ရပ္က ၾကာသပေတးေန႔တြင္ ေဖာ္ျပသည္။
JAMA Internal Medicine ဂ်ာနယ္တြင္ထုတ္ေ၀ခဲ့သည့္ေတြ႕႐ွိမႈသည္ ေရာဂါလကၡဏာမျပသူမ်ားထံမွလည္း COVID-19 ကူးစက္ႏိုင္ေၾကာင္းေထာက္ခံသည့္ အေရးပါေသာဇီ၀အေထာက္အထားတစ္ခုျဖစ္သည္။
ေရာဂါပိုးသယ္ေဆာင္ထားသူတစ္ေယာက္ႏွင့္ထိေတြ႕မႈမ႐ွိဘဲ လူတစ္ေယာက္ ေရာဂါကူးစက္ျခင္းကို ေရာဂါလကၡဏာမ႐ွိဘဲ ပ်ံ႕ႏွံ႔ျခင္းဟုေကာက္ခ်က္ခ်ျခင္းကို ကၽြမ္းက်င္သူမ်ားက ယံုၾကည္ေနၾကသည္။
ေနာက္ထပ္ၿမိဳ႕တစ္ၿမိဳ႕မွဘာသာေရးအုပ္စုတစ္စုၾကားကူးစက္မႈျဖစ္ပြားၿပီးေနာက္ မတ္ ၆ ရက္ႏွင့္ ၂၆ ရက္ၾကား ခ်ိဳးနန္ၿမိဳ႕မွစင္တာတစ္ခုတြင္သီးသန္႔ထားခဲ့သည့္လူ ၃၀၃ ေယာက္ထံမွရယူခဲ့သည့္ႏွာေ ခါင္းႏွင့္အာေခါင္တို႔ဖတ္မ်ားကို ဆြန္းခ်ယ္ယန္းတကၠသိုလ္ေဆးေကာလိပ္မွ လီေဆာင္းဂ်ယ္ဦးေဆာင္သည့္သုေတသီအဖြဲ႔က ခြဲျခမ္းစိတ္ျဖာေလ့လာခဲ့သည္။
ထိုလူမ်ားတြင္ အသက္ ၂၂ ႏွစ္မွ ၃၆ ႏွစ္အတြင္းပါ၀င္ၿပီး သံုးပံုႏွစ္ပံုမွာ အမ်ိဳးသမီးမ်ားျဖစ္သည္။ ထိုထဲမွ ၁၉၃ ေယာက္တြင္ ေရာဂါလကၡဏာမ်ား႐ွိေနၿပီး ၁၁၀ ေယာက္တြင္ ေရာဂါလကၡဏာမ႐ွိေခ်။
အေစာပိုင္းေရာဂါလကၡဏာမျပသူမ်ားတြင္ ၃၀ ရာခိုင္ႏႈန္းခန္႔ လူ ၈၉ ေယာက္တြင္ လကၡဏာမ်ားလံုး၀မျပခဲ့ေခ်။ ထိုေတြ႕႐ွိခ်က္ကိုယ္တိုင္က ကူးစက္ခံရသည့္အပိုင္းအျခားတစ္ခုသည္ ႐ႈပ္ေထြးရသည့္ကိစၥျဖစ္သည့္ လကၡဏာမေပၚေသးျခင္းထက္ အမွန္တကယ္လကၡဏာကင္းမဲ့ေနသည္ဆိုသည့္ အသိကိုေပးခဲ့သည္။
တို႔ဖတ္အားလံုးကို သီးသန္႔ခြဲထားသည့္ ၈ ရက္ေျမာက္ေန႔တြင္ ရယူခဲ့ျခင္းျဖစ္သည္။ ေရာဂါလကၡဏာမျပေသာလူနာမ်ား ၁၇ ရက္အတြင္း ေရာဂါပိုးမ႐ွိေတာ့ေၾကာင္း စမ္းသပ္မႈမ်ားတြင္ေတြ႕ရၿပီး လကၡဏာျပေသာလူနာမ်ားအတြက္ ၁၉.၅ ရက္ၾကာသည္။
Ref : Asymptomatic COVID-19 carriers have high viral loads: Study
(unicode)
ရောဂါလက္ခဏာမပြသည့် COVID-19 လူနာများတွင် ကိုရိုနာဗိုင်းရပ်စ်အများအပြားရှိနေနိုင်ကြောင်း တောင်ကိုရီးယားသိပ္ပံပညာရှင်များတွေ့ရှိ
……………………………………………………
ဝါရှင်တန်၊ ဩဂုတ် ၇
ရောဂါလက္ခဏာပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူများ၏နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်တို့တွင် ရောဂါပိုးပမာဏညီတူမျှတူသယ်ဆောင်ထားသည်ဟု တောင်ကိုရီးယားနိုင်ငံမှလေ့လာမှုအသစ်တစ်ရပ်က ကြာသပတေးနေ့တွင် ဖော်ပြသည်။
JAMA Internal Medicine ဂျာနယ်တွင်ထုတ်ဝေခဲ့သည့်တွေ့ရှိမှုသည် ရောဂါလက္ခဏာမပြသူများထံမှလည်း COVID-19 ကူးစက်နိုင်ကြောင်းထောက်ခံသည့် အရေးပါသောဇီဝအထောက်အထားတစ်ခုဖြစ်သည်။
ရောဂါပိုးသယ်ဆောင်ထားသူတစ်ယောက်နှင့်ထိတွေ့မှုမရှိဘဲ လူတစ်ယောက် ရောဂါကူးစက်ခြင်းကို ရောဂါလက္ခဏာမရှိဘဲ ပျံ့နှံ့ခြင်းဟုကောက်ချက်ချခြင်းကို ကျွမ်းကျင်သူများက ယုံကြည်နေကြသည်။
နောက်ထပ်မြို့တစ်မြို့မှဘာသာရေးအုပ်စုတစ်စုကြားကူးစက်မှုဖြစ်ပွားပြီးနောက် မတ် ၆ ရက်နှင့် ၂၆ ရက်ကြား ချိုးနန်မြို့မှစင်တာတစ်ခုတွင်သီးသန့်ထားခဲ့သည့်လူ ၃၀၃ ယောက်ထံမှရယူခဲ့သည့်နှာ ေခါင်းနှင့်အာခေါင်တို့ဖတ်များကို ဆွန်းချယ်ယန်းတက္ကသိုလ်ဆေးကောလိပ်မှ လီဆောင်းဂျယ်ဦးဆောင်သည့်သုတေသီအဖွဲ့က ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သည်။
ထိုလူများတွင် အသက် ၂၂ နှစ်မှ ၃၆ နှစ်အတွင်းပါဝင်ပြီး သုံးပုံနှစ်ပုံမှာ အမျိုးသမီးများဖြစ်သည်။ ထိုထဲမှ ၁၉၃ ယောက်တွင် ရောဂါလက္ခဏာများရှိနေပြီး ၁၁၀ ယောက်တွင် ရောဂါလက္ခဏာမရှိချေ။
အစောပိုင်းရောဂါလက္ခဏာမပြသူများတွင် ၃၀ ရာခိုင်နှုန်းခန့် လူ ၈၉ ယောက်တွင် လက္ခဏာများလုံးဝမပြခဲ့ချေ။ ထိုတွေ့ရှိချက်ကိုယ်တိုင်က ကူးစက်ခံရသည့်အပိုင်းအခြားတစ်ခုသည် ရှုပ်ထွေးရသည့်ကိစ္စဖြစ်သည့် လက္ခဏာမပေါ်သေးခြင်းထက် အမှန်တကယ်လက္ခဏာကင်းမဲ့နေသည်ဆိုသည့် အသိကိုပေးခဲ့သည်။
တို့ဖတ်အားလုံးကို သီးသန့်ခွဲထားသည့် ၈ ရက်မြောက်နေ့တွင် ရယူခဲ့ခြင်းဖြစ်သည်။ ရောဂါလက္ခဏာမပြသောလူနာများ ၁၇ ရက်အတွင်း ရောဂါပိုးမရှိတော့ကြောင်း စမ်းသပ်မှုများတွင်တွေ့ရပြီး လက္ခဏာပြသောလူနာများအတွက် ၁၉.၅ ရက်ကြာသည်။
Ref : Asymptomatic COVID-19 carriers have high viral loads: Study