ေရာ့ကတ္တိုက္ခိုက္မႈေၾကာင့္ အစၥေရး၀န္ႀကီးခ်ဳပ္ တက္ေရာက္ေနေသာ အခမ္းအနား ရပ္ဆုိင္းခဲ့ရ

PUBLISHED - December 26, 2019
အစၥေရး၀န္ႀကီးခ်ဳပ္တက္ေရာက္ေနတဲ့ ပြဲအနီးမွာ ေရာ့ကတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အစၥေရးက ဂါဇာကမ္းေျမွာင္ေဒသကို ေလေၾကာင္းတုိက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။
တိုက္ေလယာဥ္နဲ႔ တိုက္ခိုက္ေရးရဟတ္ယာဥ္ေတြဟာ ဟားမက္စ္အၾကမ္းဖက္အဖြဲ႕ေတြကို အဓိကပစ္မွတ္ ထားၿပီး တိုက္ခိုက္ခဲ့တယ္လို႔ အစၥေရးက ေျပာပါတယ္။
ေရာ့ကတ္တုိက္ခိုက္မႈဟာ အစၥေရး၀န္ႀကီးခ်ဳပ္တက္ေရာက္ေနတဲ့ ပြဲတစ္ခုအနီး အက္ရွ္ကယ္လန္ၿမိဳ႕မွာ ျဖစ္ပြား ခဲ့တာျဖစ္ပါတယ္။
ေရာ့ကတ္တိုက္ခိုက္မႈေၾကာင့္ အစၥေရး၀န္ႀကီးခ်ဳပ္ေနတန္ယာဟု တက္ေရာက္ေနတဲ့ ပြဲအစီအစဥ္ပ်က္ခဲ့ၿပီး လံုၿခံဳေရးအတြက္ အကာအကြယ္ယူခဲ့ရပါတယ္။
အစၥေရးရဲ႕ တံု႔ျပန္ေလေၾကာင္း တုိက္ခိုက္မႈေၾကာင့္ အေသအေပ်ာက္အေျခအေနကိုေတာ့ ဂါဇာေဒသအာဏာ ပိုင္ေတြက ထုတ္ျပန္ျခင္းမရွိေသးပါဘူး။
Ref; https://bulgarianmilitary.com/
(Unicode)
ရော့ကတ်တိုက်ခိုက်မှုကြောင့် အစ္စရေးဝန်ကြီးချုပ် တက်ရောက်နေသော အခမ်းအနား ရပ်ဆိုင်းခဲ့ရ
…………………………………………………………
အစ္စရေးဝန်ကြီးချုပ်တက်ရောက်နေတဲ့ ပွဲအနီးမှာ ရော့ကတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေဟာ ဟားမက်စ်အကြမ်းဖက်အဖွဲ့တွေကို အဓိကပစ်မှတ် ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။
ရော့ကတ်တိုက်ခိုက်မှုဟာ အစ္စရေးဝန်ကြီးချုပ်တက်ရောက်နေတဲ့ ပွဲတစ်ခုအနီး အက်ရှ်ကယ်လန်မြို့မှာ ဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။
ရော့ကတ်တိုက်ခိုက်မှုကြောင့် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု တက်ရောက်နေတဲ့ ပွဲအစီအစဉ်ပျက်ခဲ့ပြီး လုံခြုံရေးအတွက် အကာအကွယ်ယူခဲ့ရပါတယ်။
အစ္စရေးရဲ့ တုံ့ပြန်လေကြောင်း တိုက်ခိုက်မှုကြောင့် အသေအပျောက်အခြေအနေကိုတော့ ဂါဇာဒေသအာဏာ ပိုင်တွေက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
Ref; https://bulgarianmilitary.com/
#PeopleMedia