ရေအောက်တောင်ကုန်းနှင့် တိုက်မိခဲ့သည့် အမေရိကန်ရေငုပ်သင်္ဘောပြင်ဆင်ရေး အမေရိကန်ရေတပ် ချိန်ဆ တွက်ချက်နေ

PUBLISHED - November 9, 2021
နိုင်ငံတကာ၊ နိုဝင်ဘာ ၉ (People Media)
နျူကလီးယားစွမ်းအင်သုံးအမေရိကန်ရေငုပ်သင်္ဘောတစ်စီးသည် လွန်ခဲ့သည့်လက တောင်တရုတ်ပင်လယ်အ တွင်း ရေအောက်တောင်ကုန်းတစ်ခုနှင့်ဝင်ရောက်တိုက်မိခဲ့ကြောင်း အမေရိကန်ရေတပ်ကကြေညာခဲ့ပြီးနောက် ဆက်လက်ပြင်ဆင်ရန် ချိန်ဆတွက်ချက်နေကြောင်းသိရသည်။
Seawolf-class ယူအက်စ်အက်စ်ကွန်နတိကပ်ရေငုပ်သင်္ဘောသည် ရေအောက်တောင်ကုန်းတစ်ခုနှင့် တိုက်မိခဲ့ ပြီးနောက် ပြင်ပအကူအညီမပါဘဲရေပြင်ပေါ်သို့ပြန်တက်လာခဲ့ပြီး ဂူဝမ်ကျွန်းအနီးရှိ ဆိပ်ကမ်းတစ်ခုသို့ ပြန်လည် ဆိုက်ကပ်ခဲ့သည်။
ရေငုပ်သင်္ဘောအပျက်အစီးနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အဆိုပါ ရေငုပ် သင်္ဘောမှာ ပင်လယ်ကြမ်းပြင်တွင် ယခင်ကမတွေ့ရှိရသေးသော ရေအောက်တောင်ကုန်းတစ်ခုနှင့် တိုက်မိခဲ့ ခြင်းဖြစ်ကြောင်း အမေရိကန်အမှတ် ၇ ရေတပ်အုပ်စုက နိုဝင်ဘာလ ၁ ရက်နေ့ကထုတ်ဖော်ပြောကြားခဲ့သည်။
ရေအောက်တောင်ကုန်းများမှာ အနည်းဆုံး ၃၂၈၁ ပေ (မီတာ ၁၀၀၀) ခန့်ရှိပြီး သမုဒ္ဒရာကြမ်းပြင်တွင် မှိုလို ပေါက်နေသော်လည်း သိပ္ပံသုတေသီများမှာ စုစုပေါင်းရေအောက်တောင်ကုန်းများ၏ ဝ.၁ % ကိုသာ ရှာဖွေ တွေ့ရှိမှတ်တမ်းတင်ထားနိုင်ကြောင်း အမျိုးသားသမုဒ္ဒရာနှင့် ကမ္ဘာ့လေထုအဖွဲ့ (National Oceanic and Atmospheric Administration – NOAA) မှ သိပ္ပံပညာရှင်များကပြောသည်။
၂၀၀၅ ခုနှစ်တွင် နျူကလီးယားစွမ်းအင်သုံးတိုက်ခိုက်ရေး ရေငုပ်သင်္ဘော ယူအက်စ်အက်စ်ဆန်ဖရန်စစ္စကိုသည် တစ်နာရီ ၃၄.၅ မိုင်နှုန်းဖြင့် ခုတ်မောင်းနေစဉ် ဂူဝမ်ကျွန်းအနီးတွင် အမည်မသိရေအောက်တောင်ကုန်းတစ်ခုနှင့် ဝင်ရောက်တိုက်မိခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရေငုပ်သင်္ဘောမှ အရာရှိ/စစ်သည် ၁၃၇ ဦးရှိသည့်အနက် တစ်ဦး သာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များအားလုံးသေဆုံးခဲ့ကြောင်း Popular Mechanics မဂ္ဂဇင်း တွင်ရေးသားဖော်ပြချက်အရသိရသည်။
ရေငုပ်သင်္ဘောတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ လိုအပ်ပါက တာဝန်ခံမှုအတွက် ထပ်မံအရေးယူဆောင်ရွက် နိုင်ရေးအတွက် ပြန်လည်ဆန်းစစ်လေ့လာပြီး ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် အောက်တိုဘာလ ၂ ရက်နေ့က ဖြစ် စဉ် စုံစမ်းစစ်ဆေးမှုများမှ ရရှိလာသော ရလဒ်များကို အမေရိကန် အမှတ် ၇ ရေတပ်အုပ်စုမှ ဒုတိယရေတပ် ဗိုလ်ချုပ်ကြီး ကားလ်သောမတ်က ပေးအပ်ခဲ့ကြောင်း လွှတ်တော်အမတ်တစ်ဦးနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိနှစ်ဦးက နိုဝင်ဘာလ ၈ ရက်နေ့ကပြောသည်။
ယူအက်စ်အက်စ်ကွန်နတိကပ်ရေငုပ်သင်္ဘောသည် အင်ဒို-ပစိဖိတ်ဒေသတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင် နေစဉ်အတွင်း ရှာဖွေတွေ့ရှိခြင်းမရှိသေးသည့် ရေအောက်တောင်ကုန်းတစ်ခုနှင့် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ် သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က မှတ်ချက်ချခဲ့ကြောင်း အမှတ် ၇ ရေတပ်အုပ်စုမှ ပြောခွင့်ရပုဂ္ဂိုလ် Commander ဟေးလေးဆမ်းစ်က ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ခံမှုအပါအဝင် ထပ်မံတွေ့ရှိချက်များပေါ်မူတည်၍ အမေရိကန် အမှတ် ၇ ရေတပ် အုပ်စုအကြီးအကဲက ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။
ရေအောက်တောင်ကုန်းနှင့်တိုက်မိခဲ့ပြီးနောက် ယူအက်စ်အက်စ်ကွန်နတိကပ်ရေငုပ်သင်္ဘော ဦးပိုင်းပျက်စီးသွား ခဲ့ရာ အဆိုပါရေငုပ်သင်္ဘောအား ရေပေါ်သို့ပြန်တက်လာပြီး တောင်တရုတ်ပင်လယ်မှ ဂူဝမ်ကျွန်းသို့ ပြန်လည် ခုတ်မောင်းလာရန် အမိန့်ပေးခဲ့ကြောင်း အမေရိကန်ရေတပ်စုံစမ်းစစ်ဆေးရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရေငုပ်သင်္ဘော၏ နျူကလီးယားဓာတ်ပေါင်းဖိုနှင့် စက်အစိတ်အပိုင်းများ ပျက်စီးုခြင်းမရှိကြောင်း ရေတပ်အရာရှိများကပြောကြားခဲ့သည်။ အဆိုပါရေငုပ်သင်္ဘောမှာ ယခုအခါ ကနဦးပြင်ဆင်မှုများပြုလုပ်ရန် ဂူ ဝမ်ကျွန်းတွင်ရောက်ရှိနေပြီဖြစ်သည်။
လက်ရှိအချိန်တွင် အဆိုပါရေငုပ်သင်္ဘော ဆက်လက်ပြင်ဆင်ရန်အတွက် အမေရိကန်ရေတပ်က တွက်ချက်ချိန် ဆနေပြီး ဟာဝိုင်ယီအနောက်ပိုင်းတွင် ရေငုပ်သင်္ဘောများပြုပြင်ထိန်းသိမ်းရန်အတွက် သင်္ဘောကျင်းအဆောက် အအုံများမရှိကြောင်း သိရသည်။
Ref: Navy Revealed How a Nuclear-Powered US Submarine Crashed into an Underwater Mountain
#PeopleMedia
(unicode)
……………………………………………………………
Ref: Navy Revealed How a Nuclear-Powered US Submarine Crashed into an Underwater Mountain
#PeopleMedia