ရေးမြို့နယ်၌ လစာငွေများ သယ်ဆောင်လာသည့်ယာဉ်နှစ်စီး ပစ်ခတ်ခံရပြီးနောက် ယာဉ်မောင်းဖြစ်သူ သေဆုံးပြီး လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ

PUBLISHED - November 25, 2021
မော်လမြိုင်၊ နိုဝင်ဘာ ၂၅ (People Media)
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေများ သယ်ဆောင်လာသည့်ယာဉ်နှစ်စီးသည် လမ်း ခရီး၌ ပစ်ခတ်ခံခဲ့ရပြီး ယာဉ်မောင်းဖြစ်သူသေဆုံးခဲ့သလို လုံခြုံရေးအဖွဲ့ဝင် တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ရေးမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများကို လစာပေးချေရန် မော်လမြိုင်ရှိ စီးပွားရေးဘဏ်မှ လုံခြုံရေးယာဉ်တစ်စီးဖြင့် ငွေထုတ်ပြီးအပြန် လမ်းခရီး၌ တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
“သေသွားတာ ဘဏ်မန်နေဂျာရဲ့ ယာဉ်မောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးလို့ သိရတယ်”လို့ ဒေသခံတစ်ဦးက ပြော ပါတယ်။
လက်ရှိအချိန်၌ အဆိုပါသတင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး People Media က သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပါဘူး။
Photo – မွန်သတင်းအေဂျင်စီ
#PeopleMedia #ရေးမြို့ #မော်လမြိုင်စီးပွားရေးဘဏ်
(unicode)
…………………………………………………………