ရေးမြို့နယ် YMBA အတွင်းရေးမှူး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံခဲ့ရသော်လည်း သေဆုံးခြင်းမရှိ

PUBLISHED - September 27, 2021
မော်လမြိုင်၊ စက်တင်ဘာ ၂၇ (People Media)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာရှိ ရေးမြို့နယ် YMBA အတွင်းရေးမှူးသည် သေနတ်ဖြင့် လုပ်ကြံ ခံရသော်လည်း သေဆုံးခြင်းမရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်း၌ YMBA အတွင်းရေးမှူးဖြစ်သူသည် နေအိမ်၌ စလောင်းပြုပြင် နေစဉ် ဆိုင်ကယ်နှစ်စီးရောက်ရှိလာပြီး ၎င်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သေနတ်ဒဏ်ရာကြောင့် YMBA အတွင်းရေးမှူးဖြစ်သူသည် ရေးမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူခဲ့သည်။ ထိုမှတစ်ဆင့် မော်လမြိုင်ဆေးရုံကြီး၌ ဆက်လက်ဆေးဝါးကုသနေနေကြာင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
အလားတူ ပြီးခဲ့သည့်လအတွင်းကလည်း ရန်ကုန်မြို့ရှိ YMBA ရုံးချုပ်သည် လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပေါ်ခဲ့သည်။
#PeopleMedia #ရေးမြို့ #YMBA
(unicode)
………………………………………………………………