ရေဖြူမြို့နယ်ရှိ ရေဖြူ PDF အဖွဲ့ အထိုင်စခန်းကို လုံခြုံရေးအဖွဲ့က ဝင်ရောက်ရှင်းလင်းရာ PDF အဖွဲ့ဝင်အချို့ အရှင် ဖမ်းဆီးခံရ

PUBLISHED - March 12, 2022
ရေဖြူ၊ မတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ရေဖြူ ပြောက်ကျား PDF အဖွဲ့၏ အထိုင်စခန်းကို လုံခြုံရေးအဖွဲ့က မတ်လ ၁၀ ရက်နေ့၌ ဝင်ရောက်ရှင်းလင်ရာ PDF အဖွဲ့ဝင်အချို့ အရှင်ဖမ်းဆီးခံရသည်။
“ရေဖြူ ပြောက်ကျား PDF အဖွဲ့ရဲ့ စခန်းရှင်းလင်းခံရပြီး မီးရှိုဖျက်ဆီးခံခဲ့ရတယ်။ တိုက်ပွဲအတွင်းမှာ အဖွဲ့က အဖွဲ့ဝင်အချို့ ဖမ်းဆီးခံလိုက်ရသလို အချို့မှာ ဒဏ်ရာရရှိခဲ့တယ်” လို့ ရေဖြူ PDF အဖွဲ့ဝင်တစ်ဦးက ပြော သည်။
လက်ရှိအချိန်၌ PDF အဖွဲ့များသည် စားဝတ်နေရေး၊ လူ၊ လက်နက် မပြည့်စုံခြင်းနှင့် အဖွဲ့ဝင်အချို့မှာ တပ် ဘက်သို့ သွားရောက်ပူးပေါင်းမှုများ ကြုံတွေ့နေရကြောင်း PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အခုလို စခန်းကို ရှာတွေ့သွားတာလည်း အဖွဲ့ဝင်တွေက ဘက်ပြောင်းပြီး သူတို့ကိုယ်တိုင် ဝင်တိုက်ပေး နေတာ” လို့ PDF အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
ရေဖြူ PDF အဖွဲ့သည် လုံခြုံရေးယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံ များကို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
#PeopleMedia
(unicode)
………………………………….
#PeopleMedia