ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ လက်နက်ကိုင်ဆန္ဒပြမှုများကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း လုံခြုံရေး တင်းကျပ်

PUBLISHED - January 19, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉ (People Media)
လက်နက်ကိုင်ဆောင်ထားသူအချို့ အပါအဝင် ဆန္ဒပြသမားအဖွဲ့အချို့သည် ယမန်နေ့က ဝါရှင်တန်မြို့ တော်ရှိ အောက်လွှတ်တော်အဆောက်အအုံ၌ လူသေဆုံးမှုရှိသော အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် တင်းမာမှု များ မြင့်တက်လျက်ရှိရာ ပြည်နယ်လွှတ်တော်များ၌ စုဝေးခဲ့ကြသည်။
အမေရိကန်နိုင်ငံ တက္ကဆတ်၊ အော်ရီဂွန်၊ မီချီဂန်၊ အိုဟိုင်းယိုပြည်နယ်များရှိ လွှတ်တော်အဆောက်အအုံ များပြင်ပ၌ ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသည်။
ဇန်နဝါရီလ ၂၀ ရက်တွင်ပြုလုပ်မည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအ နားမတိုင်မီ လက်နက်ကိုင် ဆန္ဒဖော်ထုတ်မှုများ ဖြစ်လာနိုင်ကြောင်း အက်ဖ်ဘီအိုင်က သတိပေးခဲ့သည်။
ဇန်နဝါရီလ ၆ ရက်က ဝါရှင်တန်ဒီစီမြို့ရှိ အောက်လွှတ်တော်အဆောက်အအုံကို ထရမ့်ကို ထောက်ခံသူ များက စီးနင်းခဲ့ရာ ရဲအရာရှိတစ်ဦးအပါအဝင် ငါးဦး သေဆုံးပြီးနောက် နှစ်ပတ်အကြာ ယခုလ ၂၀ ရက်တွင် ရွေး ကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။
ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးဆောင်ရွက်ပေးရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၅၀၀၀ ကို ဝါရှင်တန်မြို့သို့ စေလွှတ်မည်ဟု ပင်တဂွန်က ပြောသည်။
အမေရိကန်နိုင်ငံတစ်ဝန်းရှိ မြို့အများအပြား၌ အကြမ်းဖက်ဆန္ဒပြပွဲများပြုလုပ်ရန် စီစဉ်နေပြီး အစိုးရက အတားအဆီးများပြုလုပ်ခြင်း၊ ထောင်ချီသော လုံခြုံရေးတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းတို့ ပြုလုပ်လျက်ရှိသည်။
ကိုးကား – ဘီဘီစီ
Ref; Biden inauguration: Fortified US statehouses see some small protests
(unicode)
………………………………………………
Ref; Biden inauguration: Fortified US statehouses see some small protests