ရွေးကောက်ပွဲသန့်ရှင်းမျှတပြီး လွတ်လပ်အောင်မလုပ်နိုင်သည့်အဖွဲ့အစည်းများအနေဖြင့်လည်း မိမိနိုင်ငံရေး ကို သတ်သေသလိုဖြစ်နေကြောင်း ဖယ်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့် ပြောဆို

PUBLISHED - January 9, 2021


၂၀၂၀ ရွေးကောက်ပွဲကို သန့်ရှင်းမျှတပြီး လွတ်လပ်အောင် မကျင်းပနိုင်ခဲ့သည့်အဖွဲ့အစည်းများအနေဖြင့် လည်း မိမိနိုင်ငံရေးကို သတ်သေသလို ဖြစ်နေကြောင်း ဖယ်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်က People Media သို့ ပြောသည်။
ယမန်နေ့က သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ မဟုတ်မမှန် ဝေဖန်ပြော ကြားနေသည့်အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များအနေနှင့် ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်ခြင်းဖြစ်ပြီး၊ (Political Suicide) နိုင်ငံရေးကြိုးဆွဲချခြင်း ဖြစ်လိမ့်မည်ဟု ပြောဆိုချက်အပေါ် ဦးစောသန်းမြင့်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ မြင်တာကတော့ မဲလိမ်မဲခိုးမူလုပ်တဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးကလည်း ကိုယ်ဟာကို နိုင်ငံရေး သတ်သေတယ်လို့ပဲ ပြန်မြင်တာပေါ့၊ အပြန်အလှန်ပေါ့၊ သန့်ရှင်းပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးဟာလည်း လက်ရှိအခြေအနေမှာ ကိုယ့်ရဲ့နိုင်ငံ ရေးကို ကိုယ်သတ်သေသလို ဖြစ်နေတယ်လေ” ဟု ဖယ်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်က ဆို သည်။
၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်းများနှင့် မဲဆန္ဒနယ်မြေများကို တပ်မတော်က ထုတ်ပြန်ပေးလျက်ရှိသည်။
လက်ရှိအချိန်၌ ရွေးကောက်ပွဲ မဲသမမာမှုများနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီများက UEC နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံ တောင်းဆိုထားသည်။
#PeopleMedia #ဦးစောသန်းမြင့်
(unicode)
……………………………………………………….