ရွေးကောက်ပွဲ မဲမသမာပြုလုပ်မှုဖြင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင် ၃ နှစ် ထပ်မံအမိန့်ချမှတ်ခံရ၊ လက်ရှိအချိန်၌ ဝန်ကြီးချုပ်ဟောင်းသည် ထောင်ဒဏ် ၈၀ နှစ်ထိ ချမှတ်ခံထားရ

PUBLISHED - December 23, 2021
မြဝတီ၊ ဒီဇင်ဘာ ၂၃ (People Media)
ရွေးကောက်ပွဲ မဲမသမာပြုလုပ်မှုဖြင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ရာဇသတ်ကြီး ဥပဒေ ၁၃၀ အရ ထောင်ဒဏ် ၃ နှစ် ထပ်မံအမိန့်ချမှတ်ခံခဲ့ရကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်းသည် ဘားအံအကျဉ်းထောင်ရှိ အထူးတရားရုံးတွင် အမှုအား စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခံရခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောပါ တယ်။
“အရင်က အမှုတွေအတွက် ပြီးလဲပြီးသွားပါပြီ အခုက ထပ်တိုးတရားစွဲပြီးတော့ မနေ့က အမိန့်ချတာပါ အရင်က ၇၇ နှစ် အချခံရတယ်။ အခု ထပ်တိုး ၃ နှစ်နဲ့ ဆိုတော့ တော်တော်လေးများနေပါပြီ။ ဒီအမှုမှာ ထောင်ဒဏ် ၃ နှစ်ဆိုတာ အမြင့်ဆုံးပြစ်ဒဏ်ပါ ဒီပေါ်မှာ ဘာမှတော့ ပြောစရာတော့မရှိဘူး။ ဒီအမှုနဲ့ ပတ်သက်လို့ အယူခံမ ဝင်ဖို့လည်း အန်တီက ပြောထားတာရှိတယ်” ဟု နီးစပ်သူတစ်ဦးက ပြောပါတယ်။
အလားတူ ယခင် အစိုးရအဖွဲ့ဝန်ဟောင်းများ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်ဟောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများတို့သည့် ဖမ်းဆီးခံထားရသလို အမှုရင်ဆိုင်ရလျက်ရှိပါတယ်။
Photo – NLD
#PeopleMedia #ဒေါ်နန်းခင်ထွေးမြင့်
(unicode)
………………………………………………………
Photo – NLD