ေရွ႕ေျပးေနသည့္ COVID-19 ကာကြယ္ေဆးတစ္၀က္ခန္႔ကို ဖြံ႔ၿဖိဳးၿပီးႏိုင္ငံမ်ား၀ယ္ယူထား

PUBLISHED - September 17, 2020


ကမာၻ႔လူဦးေရ ၁၃ ရာခိုင္ႏႈန္းကိုကိုယ္စားျပဳသည့္ခ်မ္းသာေသာႏိုင္ငံမ်ားအဖြဲ႔က အနာဂတ္တြင္ရလာႏိုင္သည့္ အစြမ္းထက္မည္ဟုကတိျပဳႏိုင္ေသာ COVID-19 ကာကြယ္ေဆးတစ္၀က္ေက်ာ္ကို ၀ယ္ယူထားသည္ဟု ကမာၻ႔ဆင္းရဲမြဲေတမႈတိုက္ဖ်က္ေရးလုပ္ကိုင္ေနသည့္အစိုးရမဟုတ္ေသာ Oxfam အဖြဲ႔က ဗုဒၶဟူးေန႔တြင္ေျပာသည္။
ေနာက္ဆံုးအဆင့္ေရာက္ေနသည့္ ေ႐ွ႕ေျပးကာကြယ္ေဆး ၅ မ်ိဳး၏ ေဆးကုမၸဏီမ်ားႏွင့္ကာကြယ္ေဆး ထုတ္လုပ္သည့္ကုမၸဏီမ်ားလက္မွတ္ေရးထိုးထားသည့္သေဘာတူညီခ်က္မ်ားကို Oxfam က ခြဲျခမ္းစိတ္ျဖာေလ့လာခဲ့သည္။
အက္စထရာဇီနီကာ၊ ဂါမာလီယာ(သို႔မဟုတ္)စပြတ္ညစ္၊ မိုဒါနာ၊ ဖီဇာႏွင့္ ဆင္ႏိုဗက္ တို႔မွထုတ္လုပ္ေနသည့္ ကာကြယ္ေဆးမ်ားကို ေလ့လာခဲ့ျခင္းျဖစ္သည္။
ထိုကုမၸဏီ ၅ ခုမွ ကာကြယ္ေဆးအဖံုသန္း ၅၉၀၀ ထုတ္လုပ္ႏိုင္မည္ဟု တြက္ခ်က္ထားၿပီး အကယ္၍ ထိုေဆးမ်ားအားလံုး လူတစ္ေယာက္ကို ေဆး ၂ ဖံုထိုးရမည္ဆိုပါက လူသန္း ၃၀၀၀ အတြက္ လံုေလာက္ေသာပမာဏျဖစ္သည္။
ထိုထဲမွအဖံုသန္း ၅၃၀၀ ထုတ္လုပ္ရန္ သေဘာတူထားၿပီး သန္း ၂၇၀၀ (၅၁ ရာခိုင္ႏႈန္း)ကို အေမရိကန္၊ ၿဗိတိန္၊ ဥေရာပသမဂၢ၊ ၾသစေၾတးလ်၊ ေဟာင္ေကာင္၊ မကာအို၊ ဂ်ပန္၊ ဆြစ္ဇာလန္ႏွင့္ အစၥေရးတို႔ကဲ့သို႔ ဖြံ႔ၿဖိဳးၿပီးႏိုင္ငံမ်ား၊ နယ္ေျမမ်ားႏွင့္ ေဒသမ်ားက ၀ယ္ယူထားသည္ က်န္ေသာသန္း ၂၆၀၀ ကို ဖြံ႔ၿဖိဳးဆဲႏိုင္ငံမ်ားျဖစ္ေသာ အိႏၵိယ၊ ဘဂၤလားေဒ့႐ွ္၊ တ႐ုတ္၊ ဘရာဇီး၊ အင္ဒိုနီး႐ွား၊ မကၠဆီကိုတို႔အပါအ၀င္ႏိုင္ငံမ်ားက ၀ယ္ယူၿပီး သို႔ ၀ယ္ယူရန္သေဘာတူထားသည္။
ေဆးမ်ားထဲမွတစ္မ်ိဳးျဖစ္ၿပီး မိုဒါနာကုမၸဏီမွထုတ္လုပ္ေသာေဆးသည္ အေမရိကန္အခြန္ထမ္းမ်ား ထံမွေထာက္ပံ့ေငြေဒၚလာသန္း ၂၅၀၀ ရထားေသာ္လည္း အျမတ္အစြန္းရရန္ရည္႐ြယ္ထားၿပီး ေထာက္ပံ့မႈအားလံုးကို ခ်မ္းသာေသာႏိုင္ငံမ်ားထံေရာင္းခ်ရန္ေ႐ြးခ်ယ္ထားသည္ဟု Oxfam ကေျပာသည္။
Ref : Rich nations have cornered half of future COVID-19 vaccine supply: Oxfam
#PeopleMedia
(unicode)
ရှေ့ပြေးနေသည့် COVID-19 ကာကွယ်ဆေးတစ်ဝက်ခန့်ကို ဖွံ့ဖြိုးပြီးနိုင်ငံများဝယ်ယူထား
……………………………………………
ဝါရှင်တန်၊ စက်တင်ဘာ ၁၇
ကမ္ဘာ့လူဦးရေ ၁၃ ရာခိုင်နှုန်းကိုကိုယ်စားပြုသည့်ချမ်းသာသောနိုင်ငံများအဖွဲ့က အနာဂတ်တွင်ရလာနိုင်သည့် အစွမ်းထက်မည်ဟုကတိပြုနိုင်သော COVID-19 ကာကွယ်ဆေးတစ်ဝက်ကျော်ကို ဝယ်ယူထားသည်ဟု ကမ္ဘာ့ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလုပ်ကိုင်နေသည့်အစိုးရမဟုတ်သော Oxfam အဖွဲ့က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
နောက်ဆုံးအဆင့်ရောက်နေသည့် ရှေ့ပြေးကာကွယ်ဆေး ၅ မျိုး၏ ဆေးကုမ္ပဏီများနှင့်ကာကွယ်ဆေး ထုတ်လုပ်သည့်ကုမ္ပဏီများလက်မှတ်ရေးထိုးထားသည့်သဘောတူညီချက်များကို Oxfam က ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သည်။
အက်စထရာဇီနီကာ၊ ဂါမာလီယာ(သို့မဟုတ်)စပွတ်ညစ်၊ မိုဒါနာ၊ ဖီဇာနှင့် ဆင်နိုဗက် တို့မှထုတ်လုပ်နေသည့် ကာကွယ်ဆေးများကို လေ့လာခဲ့ခြင်းဖြစ်သည်။
ထိုကုမ္ပဏီ ၅ ခုမှ ကာကွယ်ဆေးအဖုံသန်း ၅၉၀၀ ထုတ်လုပ်နိုင်မည်ဟု တွက်ချက်ထားပြီး အကယ်၍ ထိုဆေးများအားလုံး လူတစ်ယောက်ကို ဆေး ၂ ဖုံထိုးရမည်ဆိုပါက လူသန်း ၃၀၀၀ အတွက် လုံလောက်သောပမာဏဖြစ်သည်။
ထိုထဲမှအဖုံသန်း ၅၃၀၀ ထုတ်လုပ်ရန် သဘောတူထားပြီး သန်း ၂၇၀၀ (၅၁ ရာခိုင်နှုန်း)ကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ ဟောင်ကောင်၊ မကာအို၊ ဂျပန်၊ ဆွစ်ဇာလန်နှင့် အစ္စရေးတို့ကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများ၊ နယ်မြေများနှင့် ဒေသများက ဝယ်ယူထားသည် ကျန်သောသန်း ၂၆၀၀ ကို ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ မက္ကဆီကိုတို့အပါအဝင်နိုင်ငံများက ဝယ်ယူပြီး သို့ ဝယ်ယူရန်သဘောတူထားသည်။
ဆေးများထဲမှတစ်မျိုးဖြစ်ပြီး မိုဒါနာကုမ္ပဏီမှထုတ်လုပ်သောဆေးသည် အမေရိကန်အခွန်ထမ်းများ ထံမှထောက်ပံ့ငွေဒေါ်လာသန်း ၂၅၀၀ ရထားသော်လည်း အမြတ်အစွန်းရရန်ရည်ရွယ်ထားပြီး ထောက်ပံ့မှုအားလုံးကို ချမ်းသာသောနိုင်ငံများထံရောင်းချရန်ရွေးချယ်ထားသည်ဟု Oxfam ကပြောသည်။
Ref : Rich nations have cornered half of future COVID-19 vaccine supply: Oxfam
#PeopleMedia