ရေကြည်မြို့၌ ထင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၃) လုံး မီးလောင်
PUBLISHED - February 24, 2022
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ (People Media)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့၊ ရေနံံ့သာကျေးရွာတွင် နေထိုင်သည့် ဦးသိန်းဇော်၏ နေအိမ်ရှိ ထင်းမီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၃)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက် နေ့လည် ၁ နာရီဝန်းကျင်ခန်၌ ရေကြည်မြို့၊ ရေနံံ့သာကျေးရွာရှိ ဦးသိန်း ဇော်လင်း၏ နေအိမ်ရှိ ထင်းမီးမှတစ်ဆင့် လေတိုက်ရာမှ နေအိမ်၏ထရံအကာသို့ မီးကူးစက်ပြီး ၎င်း၏ အိမ်အပါအဝင် အနီးရှိ နေအိမ် (၃)လုံးလည်း မီးကူးစက်လောင်ကျွမ်းခဲ့ရဖြစ်ကြောင်း သိရသည်။
“ခုချိန်မှာက အကြပ်အတည်းဖြစ်နေတဲ့အချိန် ကိုယ့်အိမ်လည်း မီးလောင်ကျွမ်းခဲ့တယ်။ မီးလောင်တော့ ပိုက်ဆံတွေလည်း ပါသွာတယ်။ အိမ်လည်းဆုံးရူံး။ အကုန်လုံးဆုံးရူံးခဲ့တယ်” လို့ မီးလောင်ကျွမ်းသည့် အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
နေအိမ် (၃)လုံး မီးလောင်ဆုံးရှုံးခဲ့ရသည့်အတွက် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၀ ဦးနှင့် ကလေးငယ် တစ်ချို့မှ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတော့ မရှိကြောင်း သိရသည်။
မီးလောင်ကျွမ်းနှင့် ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဦးသိန်းဇော်လင်းကို သီတာကုန်းနယ်မြေ ရဲစခန်းတွင် ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia #ရေကြည်မြို့
(unicode)
…………………………………………………………………..
Photo – Credit