• Follow Us on

Home ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရာကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာအခမ်းအနား ကျင်းပ

ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရာကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာအခမ်းအနား ကျင်းပ

Share this post

နေပြည်တော်၊ မတ် ၂၃

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ဝိဇ္ဇောတာရုံစာသင်တိုက် ဦးစီးပဓာန မဟာနာယက ရွှေကျင်နိ ကာယာဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက နိုင်ငံတော်ဩဝါဒါစရိယ သက်တော်(၉၃)နှစ် သိက္ခာ ဝါတော် (၇၃)ဝါ ဝိဇ္ဇောတာရုံဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိ သီလဝိသောဓဏီ ဓမ္မသိင်္ဂီ သိမ်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများနှင့် သီတဂူဆေးရုံများ၏ အဓိပတိ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများ၊ သံဃာ တော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်သံ ဝေဂယူခဲ့ကြကြောင်း သိရသည်။

 

ဆက်လက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများနှင့် သီတဂူဆေးရုံများ၏ အဓိပတိ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက် တာ ဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ပရိသတ်က သံဝေဂတရား နာကြားကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြ ကြောင်း သိရသည်။

 

ယင်းနောက် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ကရဝိက်ဖောင်တော်ပေါ်သို့ အစီအစဉ် အတိုင်း ပင့်ဆောင်ကြပြီး လောင်တိုက်တော်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘုမ္မိကွင်းသို့ ပင့်ဆောင်ခဲ့ကြ ကြောင်း သိရသည်။

 

ယင်းနောက် တပည့်ကြီးသုံးပါးက စက်ခလုပ်နှိပ် မီးပူဇော်၍ တပည့်သံဃာတော်များက အနိစ္စာဝတ သင်္ခါရာ အစချီသော သုံးဂါထာကို ရွတ်ဆိုသံဝေဂပွားများကြပြီး တာဝန်ရှိသူများက အရိုးဓာတ်ပြာများကို ကျောင်း တိုက်သို ခေတ္တသီတင်းသုံးအပူဇော်ခံနိုင်ရန် ပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)

ရှှကေငြျသာသနာပိုငျဆရာတောျဘုရာကွီး၏ အန်တိမအဂ်ဂိဈာပနသာဓုကီဠနပူဇာအခမျးအနား ကငြျးပ

…………………………………..

 


 


 


 

ဆကျလကျ၍ သီတဂူကမ်ဘာ့ဗုဒ်ဓတက်ကသိုလျကွီးမြားနှင့ျ သီတဂူဆေးရုံမြား၏ အဓိပတိ ရှှကေငြျနိကာယဥပဥက်ကဋ်ဌ မဟာနာယက တှဲဖကျရှှကေငြျသာသနာပိုငျ၊ အဘိဓဇမဟာရဋ်ဌဂုရု၊ အဘိဓဇအဂ်ဂမဟာ သဒ်ဓမ်မဇောတိက ဒေါကျ တာ ဘဒ်ဒန်တဉာဏိူရ သီတဂူဆရာတောျကွီးထံမှ နိုငျငံတောျစီမံအုပျခြုပျရေးကောငျစီအတှငျးရေးမှူး ဒုတိယ ဗိုလျခြုပျကွီး အောငျလငျးဒှေးနှင့ျ ပရိသတျက သံဝဂေတရား နာကွားကွပွီး ရစေကျသှနျးခအြမြှပေးဝခေဲ့ကွ ကွောငျး သိရသညျ။

 


 


 

#PeopleMedia


Share this post