ရွှေကြာ(လူမှုကူညီရေးအသင်း) ဦးဆောင်သူ မရွှေကြာ COVID-19 ကူးစက်ခံရပြီး အောက်စီဂျင်အရေးပေါ် လိုအပ်နေ
PUBLISHED - July 22, 2021
ရန်ကုန်၊ ဇူလိုင် ၂၂ (People Media)
ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသည့် ရွှေကြာ(လူမှုကူညီရေးအသင်း) ဦးဆောင်သူ မရွှေကြာသည် COVID-19 ကူးစက်ခံရပြီး လက်ရှိအချိန်၌ အောက်စီဂျင် အရေးပေါ်လိုအပ်နေလျှက်ရှိကြောင်း မရွှေကြာ၏ ကျန်းမာရေးကို ကူညီစောင့်လျှောက်ပေးနေသည့် မယုဝါလင်းက People Media ကို ပြောပါတယ်။
“မရွှေကြာက အဖျားလည်း မရှိတော့ဘူး။ အနံ့လည်း ရလာပြီ။ အစားလည်းစားတယ်။ ဒါပေမဲ့ အောက်စီဂျင်က တော့ လိုနေတုန်းပဲပေါ့။ အဲ့တော့ ကလေးတွေက ရနိုင်နေတဲ့နေရာတွေမှာ အောက်စီဂျင်ကိုပဲ တစ်နေ့စာ တစ်နေ့ ပတ်ရှာနေရတာ။ အဓိက အောက်စီဂျင်လိုအပ်နေတာပေါ့” လို့ ၎င်းက ပြောပါတယ်။
မရွှေကြာမှာ COVID-19 ရောဂါကူးစက်ခံထားရသည်မှာ (၁၀)ရက်ကျော်ရှိပြီဖြစ်ပြီး လက်ရှိမှာတော့ ကျန်းမာ ရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပေမယ့် အောက်စီဂျင်ကတော့ လိုအပ်နေသေးကြောင်း သိရပါတယ်။
လက်ရှိ မရွှေကြာကို အကယ်ဒမီဆေးရုံမှာ ဆေးကုသခံယူနေလျက်ရှိပြီး၊ အောက်စီဂျင်အကူအညီ ဆောင်ရွက် ပေးသူများအနေနဲ့ ဖုန်းနံပါတ် ၀၉၄၀၄၀၈၈၁၀၆ ကို ဆက်သွယ်ကူညီပေးနိုင်ကြောင်း သိရပါတယ်။
#PeopleMedia #မရွှေကြာ
(unicode)
………………………………………………………..