လေယာဉ်မှူးများ သပိတ်မှောက်၍ British Airways လေကြောင်းလိုင်း အားလုံးနီးပါး ရပ်ဆိုင်း

PUBLISHED - September 9, 2019
လေယာဉ်မှူးတွေက ၄၈ နာရီ သပိတ်ကို စတင်လိုက်တဲ့အတွက် British Airways လေကြောင်း ခရီးစဉ်တွေအားလုံးနီးပါးကို စက်တင်ဘာ ၉ ရက်နေ့မှာ ဖျက်သိမ်းခဲ့ ရပါတယ်။
British Airways လေကြောင်းလိုင်းတွေနဲ့ လေယာဉ်မှူး ၄၃၀၀ ကြား ၉ လစာ လုပ်ခလစာအငြင်းပွား မှုပြသာနာကြောင့် ခရီးသွား သုံးသိန်းနီးပါးမှာ ခရီးစဉ်နှောင့် နှေးကြန့်ကြာမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
၄၈ နာရီအတွင်းမှာ ပြေးဆွဲနေတဲ့ စုစုပေါင်း လေကြောင်းခရီးစဉ်ဟာ ၁၇၀၀ ရှိတယ်လို့ The Financial Times က ဖော်ပြပါတယ်။
တစ်ရက်တာ သပိတ်မှောက်မှုအတွက် British Airways လေကြောင်းလိုင်းအနေနဲ့ ပေါင် သန်း ၄၀ ၀င်ငွေဆုံးရှုံးမှာဖြစ်တယ်လို့ ဗြိတိန်လေယာဉ်မှူးများအသင်းက ပြောပါတယ်။
အခုဖြစ်ရပ်အတွက် ဗြိတိန်အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့အစည်းက စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။
British Airways လေကြောင်းလိုင်းဟာ ဗြိတိန်ရဲ့ ဒုတိယအကြီးဆုံးလေကြောင်းလိုင်းတစ် ခုလည်းဖြစ်ပါတယ်။
Ref ;CNA