လောက်ကိုင်မြို့၌ နေအိမ်ပြင်ပသို့ ထွက်ရာ၌ Mask မတပ်ပါက ၁၄ ရက် Q ဝင်ရမည်

PUBLISHED - September 13, 2021
နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၌ နေထိုင်သူများသည် နေအိမ်ပြင်ပ၌ သွားလာ သည့်အခါ Mask မတပ်ပါက ၁၄ ရက်ကွာရတင်းထားရှိ၍ အရေးယူသွားမယ်လို့ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိကို ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ထိုကာလ ကျော်လွန်လျှင် အရေးယူမှုများ ဆောင်ရွက်သွားမယ်လို့ သိရှိရသည်။
“ပြီးခဲ့တဲ့ရက်ကတော့ ဒဏ်ပေးတဲ့အနေနဲ့ လက်မှတ်ထိုးခိုင်းတယ်။ နေအိမ်မှာအပြင်မထွက်ပဲနေခိုင်းတယ်။ ဒီနေ့ကတော့ Mask မတပ်တာနဲ့ ရောဂါရှိရှိမရှိ ဒဏ်ပေးတဲ့အနေနဲ့ ကွာရတင်း ၁၄ ရက်ထားမှာပါ” ဟု ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက Mask မတပ်ဘဲ သွားလာလှုပ်ရှားသည့် လူဦးရေ ၆၄ ဦးကို ရန်လုံကျိုင်း ဟိုဖျင်ချိန် Quarantine Center သို့ ပို့ဆောင်ခဲ့သည်။
#PeopleMedia #ကိုးကန့် #COVID19
(unicode)
……………………………………………………………………………