• Follow Us on
Latest News

Home လော့ခ်ဟိမာတင်ကုမ္ပဏီက အသံထက်မြန်သော လေယာဉ်ရှေှှ့ပြေးပုံစံ ထုတ်ဖော်ပြသ

လော့ခ်ဟိမာတင်ကုမ္ပဏီက အသံထက်မြန်သော လေယာဉ်ရှေှှ့ပြေးပုံစံ ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၇ (People Media)

 

အမေရိကန်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော လော့ခ်ဟိမာတင်ကော်ပိုရေးရှင်းသည် ၎င်းတို့ကုမ္ပဏီမှ ထုတ်လုပ်မည့်အသံထက်မြန်သော X-59 Quiet SuperSonic Technology (QueSST) ရှေ့ပြေးပုံစံလေယာဉ် ကို နောက်ဆုံးအဆင့်စတင်တပ်ဆင်နေစဉ်အတွင်း ထုတ်ဖော်ပြသလိုက်သည်။

 

နာမည်ကျော် လော့ခ်ဟိမာတင်ကော်ပိုရေးရှင်းသည် နာဆာအဖွဲ့နှင့်ပူးပေါင်း၍ အဆိုပါလေယာဉ်ကို ထုတ်လုပ် သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီကပြောသည်။

 

အလွန်ခေတ်မီသောလေယာဉ်ဒီဇိုင်းကြောင့် ဖြစ်ပေါ်လာသည့် တိုးညှင်းသည့် အသံလက်ခံနိုင်မှုနှင့် ပတ်သက်၍ လူထုတုံ့ပြန်မှုသတင်းအချက်အလက်များကောက်ယူရန် X-59 QueSST လေယာဉ်ကို အသုံးပြုသွားမည်ဖြစ် သည်။ အရပ်ဘက်လေကြောင်းလိုင်းများတွင် အသံ ထက်မြန်သောလေယာဉ်များကို ပိတ်ပင်ထားကြောင်းသိရ သည်။ ယင်းသတင်းအချက်အလက်များမှာ အဆိုပါပိတ်ပင်ထားမှုများအား ရုပ်သိမ်းပြီး အများလက်ခံနိုင်သော အသံထက်မြန်သောဆူညံမှုရှိသည့် အရပ်ဘက်လေကြောင်းလိုင်းများထူထောင်နိုင်ရန်အတွက် လိုအပ်သော သ တင်းအချက်အလက်များ ထောက်ပံ့ပေး နိုင်ရန်  နာဆာအဖွဲ့ကို အထောက်အကူပြုသွားမည်ဖြစ်သည်။

 

X-59 လေယာဉ်သည် ၉၆ ပေ အရှည်ရှိပြီး တောင်ပံတစ်ဖက်မှ နောက်တောင်ပံတစ်ဖက်အထိ အကွာအဝေးမှာ ၂၉.၅ ပေရှိသည်။ အမြင့်ပေ ၅၅,၀၀၀ မှ တစ်နာရီလျှင် Mach 1.4 (တစ်နာရီ ၁၀၇၄.၁၈ မိုင်) ပျံသန်းနိုင် ကြောင်း သိရသည်။ ဆူညံသံနှင့်စပ်လျဉ်း၍ လူထုလက်ခံနိုင်မှုကိုဆန်းစစ်လေ့လာအကဲဖြတ်ရန် အမေရိကန် ပြည်ထောင်စုတွင် လူထုသဘောထားပေါ်မူတည်ပြီး အကြိမ်ကြိမ်စမ်းသပ်ရာ၌ ယင်းလေယာဉ်ကိုအသုံးပြုနိုင် ရန်အတွက် ယင်း X-59 လေယာဉ်၏အဓိကဒီဇိုင်းလိုအပ်မှုချက်မှာ ပို၍ကြီးမားသည့်အသံထက်မြန်သောလေ ယာဉ်ကြီးများကိုတုပပြီး ပုံစံတူထုတ်လုပ်ရန်ဖြစ်သည်။

 

အဆိုပါအခက်အခဲဖြတ်ကျော်ထိုးဖောက်နိုင်မှုမှာ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် နိုင်ငံတကာဈေး ကွက်ကိုဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်။ ယင်းအောင်မြင်မှုမှာ ခရီးသွားများအနေဖြင့် ကမ္ဘာပေါ်ရှိမည်သည့်နေရာ ကိုမဆို အချိန်တစ်ဝက်ခန့်လျှော့ချပြီး သွားလာနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

 

Ref: Lockheed Martin unveils prototype of its promising supersonic plane

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 

Ref: Lockheed Martin unveils prototype of its promising supersonic plane

 

#PeopleMedia


Share this post