လေကြောင်းရန်ဒုံးကျည်ကာကွယ်ရေးလက်နက်များ စီစဉ်ထားသည့်အတိုင်း ရုရှားက မြန်မာသို့ပို့မည်

PUBLISHED - August 26, 2021
နိုင်ငံတကာ၊ သြဂုတ် ၂၆ (People Media)
မြန်မာနိုင်ငံကမှာယူထားသော ပန်စီယာ (Pantsir) လေကြောင်းရန်ဒုံးကျည်ကာကွယ်ရေးလက်နက်များအား စာချုပ်ပါအစီအစဉ်အတိုင်း ပို့ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်း ဆောင်ရွက်ရေး ဖက်ဒရယ်အဖွဲ့၏ အကြီးအကဲ၏ပြောကြားချက်ကို ကိုးကား၍ RIA သတင်းဌာနက သြဂုတ်လ ၂၅ ရက်နေ့က ဖော်ပြခဲ့သည်။
ထရပ်ကားတွင်တပ်ဆင်ထားသည့်အဆိုပါလက်နက်များမှာ လေယာဉ်များ၊ ဒရုန်းများနှင့် ခရုစ်ဒုံးကျည်များကို ပစ်ချနိုင်သော လေကြောင်းရန်ကာကွယ်ရေးလက်နက်များဖြစ်သည်။
ရုရှားအစိုးရသည် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းခဲ့သော စစ်အစိုးရထံ သွားရောက်လည်ပတ် ခြင်း၊ လက်နက်ခဲယမ်းများရောင်းချခြင်းဖြင့် စစ်အစိုးရကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုဆက်ဆံနေ ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်စွပ်စွဲပြောဆိုလိုက်သည်။
ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ကာလရှည်ကြာထောက်ခံခဲ့သည့်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံနှင့် မဟာဗျူဟာ မြောက်ဆက်ဆံရေးရှိကြောင်း၊ လက်ရှိအခြေအနေကိုတည်ငြိမ်အောင် မြန်မာအာဏာပိုင်များအနေဖြင့် ၎င်းတို့ လုပ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ရုရှားအစိုးရကပြောသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံသည် ပန်စီယာ (Pantsir) လေကြောင်းရန်ဒုံးကျည်ကာကွယ်ရေးလက်နက်များအ တွက် ဇန်နဝါရီလအတွင်းက စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ကြောင်း ရုရှားအာဏာပိုင်များကပြောသည်။
“စာချုပ်ထဲမှာပါတဲ့ စည်းကမ်းချက်တွေနဲ့ သတ်မှတ်ချက်တွေအတိုင်း လေကြောင်းရန်ဒုံးကျည်ကာကွယ်ရေး လက်နက်တွေကို ကျွန်တော်တို့ ပို့ပေးသွားမှာပါ။” ဟု ရုရှားလက်နက်ပိုင်းဆိုင်ရာအရာရှိ ဒီမီထရီ ရှူဂါယက်ဗ် ကပြောသည်။
Ref: Russia to deliver missile systems to Myanmar junta as scheduled
#PeopleMedia
(unicode)
………………………………………………………………….
Ref: Russia to deliver missile systems to Myanmar junta as scheduled
#PeopleMedia