ေလ့လာမႈမ်ားရလဒ္ေကာင္းသျဖင့္ COVID-19 ကာကြယ္ေဆးေမွ်ာ္လင့္ခ်က္ျမင့္ေန

PUBLISHED - July 22, 2020
ခ်ီကာဂို၊ ဇူလိုင္ ၂၁
ဇူလိုင္ ၂၀ ရက္တြင္ထုတ္ျပန္ခဲ့သည့္ ေအာက္စဖို႔တကၠသိုလ္မွစမ္းသပ္ေနသည့္ေဆး ၁ မ်ိဳးအပါအ၀င္ အလားအလာရွိသည့္ COVID-19 ကာကြယ္ေဆး ၃ မ်ိဳး၏အေစာပိုင္း ရလဒ္မ်ားအရ ေဘးထြက္ဆိုးက်ိဳးမ်ားမရွိဘဲ ကာကြယ္ေဆးမ်ားက ကိုယ္ခံအားစနစ္မ်ားကို ကိုရိုနာဗိုင္းရပ္စ္ကိုမွတ္မိၿပီး တိုက္ခိုက္နိုင္ရန္ေလ့က်င့္ေပးမည္ဆိုသည့္ေမွ်ာ္လင့္ခ်က္ မ်ားျမင့္တက္ေနသည္။
ထိုႀကိဳးစားမႈမ်ားေၾကာင့္ ကမာၻတ၀န္းလူ ၆ သိန္းေက်ာ္ေသဆုံးခဲ့သည့္ကိုရိုနာဗိုင္းရပ္စ္ရန္မွ လူသန္းေထာင္ခ်ီကို ကာကြယ္ေပးနိုင္မည့္ကာကြယ္ေဆး ၁ မ်ိဳးထြက္ေပၚလာမည္ဟုတ္၊ မဟုတ္ မရွင္းလင္းေသးေပ။
ကူးစက္မႈႏွင့္ ဆိုး႐ြားေသာေရာဂါကို ကာကြယ္နိုင္ျခင္း ရွိ၊ မရွိ သက္ေသျပရန္ ေဆးမ်ားအားလုံးကို ပိုမိုႀကီးက်ယ္စြာစမ္းသပ္ေလ့လာရဦးမည္ျဖစ္သည္။
ထိုေဆးမ်ားထဲတြင္ ေအာက္စဖို႔တကၠသိုလ္ႏွင့္ၿဗိတိန္ေဆးဝါးကုမၸဏီ AstraZeneca တို႔ပူးေပါင္းစမ္းသပ္ေနသည့္ေဆး၊ CanSinoBiologics ႏွင့္ တ႐ုတ္စစ္တပ္သုေတသန ဌာနတို႔ပူးေပါင္းစမ္းသပ္ေနသည့္ေဆး၊ ဂ်ာမနီဇီ၀နည္းပညာကုမၸဏီ BioNTech ႏွင့္ အေမရိကန္ေဆးဝါးကုမၸဏီ Pfizer တို႔ပူးေပါင္းစမ္းသပ္ေနသည့္ေဆးႏွင့္ ၿပီးခဲ့သည့္တစ္ပတ္တြင္ ရလဒ္ေကာင္းမြန္ေၾကာင္းထုတ္ျပန္ခဲ့သည့္ အေမရိကန္ေဆးကုမၸဏီ Moderna စမ္းသပ္ေနသည့္ေဆးမ်ားပါ၀င္သည္။
သမိုင္းတစ္ေလွ်ာက္တြင္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ စမ္းသပ္ၿပီးေနာက္ ေစ်းကြက္ထဲတင္ပိုနိုင္သည့္ကုမၸဏီ ၆ ရာခိုင္ႏႈန္းသာရွိသည္။
Ref : Wave of promising study results raise hopes for COVID-19 vaccines
#PeopleMedia
[Unicode]
လေ့လာမှုများရလဒ်ကောင်းသဖြင့် COVID-19 ကာကွယ်ဆေးမျှော်လင့်ချက်မြင့်နေ
…………………………………………………………………………..
ချီကာဂို၊ ဇူလိုင် ၂၁
ဇူလိုင် ၂၀ ရက်တွင်ထုတ်ပြန်ခဲ့သည့် အောက်စဖို့တက္ကသိုလ်မှစမ်းသပ်နေသည့်ဆေး ၁ မျိုးအပါအ၀င် အလားအလာရှိသည့် COVID-19 ကာကွယ်ဆေး ၃ မျိုး၏အစောပိုင်းရလဒ်များအရ ဘေးထွက်ဆိုးကျိုးများမရှိဘဲ ကာကွယ်ဆေးများက ကိုယ်ခံအားစနစ်များကို ကိုရိုနာဗိုင်းရပ်စ်ကိုမှတ်မိပြီး တိုက်ခိုက်နိုင်ရန်လေ့ကျင့်ပေးမည်ဆိုသည့်မျှော်လင့်ချက်များမြင့်တက်နေသည်။
ထိုကြိုးစားမှုများကြောင့် ကမ္ဘာတ၀န်းလူ ၆ သိန်းကျော်သေဆုံးခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်ရန်မှ လူသန်းထောင်ချီကို ကာကွယ်ပေးနိုင်မည့်ကာကွယ်ဆေး ၁ မျိုးထွက်ပေါ်လာမည်ဟုတ်၊ မဟုတ် မရှင်းလင်းသေးပေ။
ကူးစက်မှုနှင့် ဆိုးရွားသောရောဂါကို ကာကွယ်နိုင်ခြင်း ရှိ၊ မရှိ သက်သေပြရန် ဆေးများအားလုံးကို ပိုမိုကြီးကျယ်စွာစမ်းသပ်လေ့လာရဦးမည်ဖြစ်သည်။
ထိုဆေးများထဲတွင် အောက်စဖို့တက္ကသိုလ်နှင့်ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca တို့ပူးပေါင်းစမ်းသပ်နေသည့်ဆေး၊ CanSinoBiologics နှင့် တရုတ်စစ်တပ်သုတေသနဌာနတို့ပူးပေါင်းစမ်းသပ်နေသည့်ဆေး၊ ဂျာမနီဇီ၀နည်းပညာကုမ္ပဏီ BioNTech နှင့် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer တို့ပူးပေါင်းစမ်းသပ်နေသည့်ဆေးနှင့် ပြီးခဲ့သည့်တစ်ပတ်တွင် ရလဒ်ကောင်းမွန်ကြောင်းထုတ်ပြန်ခဲ့သည့် အမေရိကန်ဆေးကုမ္ပဏီ Moderna စမ်းသပ်နေသည့်ဆေးများပါ၀င်သည်။
သမိုင်းတစ်လျှောက်တွင် နှစ်ပေါင်းများစွာကြာအောင် စမ်းသပ်ပြီးနောက် စျေးကွက်ထဲတင်ပိုနိုင်သည့်ကုမ္ပဏီ ၆ ရာခိုင်နှုန်းသာရှိသည်။
Ref : Wave of promising study results raise hopes for COVID-19 vaccines
#PeopleMedia